Pt.sixteen🍂

718 103 12
                                    

သုံးယောက်သားclubကို ရောက်လာကြသည်။ သူတို့အရွယ် ကောင်လေးတွေ၊ကောင်မလေးတွေမှ အများကြီးပင်။ ဝိုင်ပြင်းပြင်းလေးတစ်ယောက်တစ်ခွက်သောက်ပြီး dancing floor မှာ အပီအပြင်ကို ကနေကြသည့် ခလေးသုံးယောက်ပါပဲ။

နာရီဝက် တစ်နာရီလောက်ကြာတော့ မောသွားပြီထင် သူတို့ဝိုင်းသို့ပြန်လာကာအမောဖြေနေကြသည်။ jungwonနဲ့nikiကအသိစိတ်ကပ်နေသေးပေမဲ့လို့ sunooကတော့ စိတ်လွတ်ကိုယ်လွတ်နဲ့ ဖြစ်နေပေပြီ။ မူးပြီးရစ်နေသည့် အရစ်စိန်လေးကို ထိန်းနေရတာနဲ့ပင် jungwonနဲ့nikiမှာ မူးချင်ချင်ဖြစ်လာသည်။ သူတို့ထက်အသက်နည်းနည်းကြီးပုံရသည့် အစ်ကိုကြီးတွေဝိုင်းက သွားရည်တမျှားမျှားနဲ့ကြည့်နေသည်ကိုတော့ သူတို့မသိကြပေ။










ညဉ့်မနက်ခင်တော့ သူတို့အိမ်ပြန်လာခဲ့ကြသည်။ စွန့်စွန့်စားစားနဲ့ပထမဆုံးအကြိမ် club ကိုခိုးသွားခဲ့ခြင်းကတော့ အောင်မြင်ခဲ့ပေသည်။ nikiကပဲ jungwonနဲ့sunooကို ပြန်လိုက်ပို့ပေးခဲ့သည်။ sunooကိုတော့ အိမ်ထဲရောက်ရောက်ချင်း အခန်းထဲသို့ တန်းပြီးပို့ပေးရသည်။ သူ့အာပါးသာသိရင်sunooတစ်ယောက် မုန့်ဖိုးတစ်လလောက်ဖြတ်ခံရမည့်ကိန်း။ wonnieကတော့ ဘွားဘွားမရိပ်မိအောင် နေနိုင်ရင်အဆင်ပြေတာမို့ စိုးရိမ်စရာတော့မရှိပေ။ nikiလည်းသူတို့နှစ်ယောက်ကိုပို့ပေးပြီး အိမ်ကိုသာပြန်လာခဲ့သည်။
















"wonnieတို့ သူငယ်ချင်းသုံးယောက်ကို hyungနေ့လည်စာစားဖို့ လာခေါ်မယ် ဖြစ်လား"

"ဟုတ်ကဲ့ပါhyung
wonnieတို့စောင့်နေပါ့မယ်"

"ဟုတ်ပြီ နေ့လည်ကျရင်လာခေါ်ပေးမယ်နော်"

"ဟေ့ကောင်တွေhyungက ငါတို့သုံးယောက်ကိုနေ့လည်စာကျွေးမလို့တဲ့"

"သူ့မွေးနေ့မို့လား "

"မဟုတ်ပါဘူး hyungမွေးနေ့က လိုသေးတယ်"

"အေး ငါတို့ club သွားတဲ့ကိစ္စကိုသိသွားပြီး ဆူမလို့လားမသိဘူးနော်"

"မဟုတ်လောက်ပါဘူးsunooရာ"













jayလည်း ခလေးသုံးယောက်ကိုခေါ်ပြီး စားသောက်ဆိုင်တစ်ဆိုင်သို့ ထွက်လာခဲ့သည်။ စားသောက်ပြီးတော့မှ ပြောစရာရှိတာပြောဖို့ စဥ်းစားထားသည်။ ဒီခလေးသုံးယောက်ကအစပ်တော်တော်ကြိုက်ပုံရသည်။

mystery 🍂    Where stories live. Discover now