Pt.twenty seven🍂

541 54 0
                                    

niki တို့အခန်းက ရေကန်ကြီး၏အစပ်မှာ တည်ဆောက်ထားခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင် ရေပေါ်အိမ်သဘောမျိုးဖြစ်သည်။ ရှေ့ဘက်စင်္ကြံတွင်တော့ ငါးမျှားရန်နေရာလေးလုပ်ထားပြီး ထိုရေကန်ကျယ်ကြီးထဲတွင် အပျော်စီးရန် လှေလေးတစ်စင်းလည်း ထားရှိပေသည်။ jungwon တို့နေသည့်အခန်းနှင့်နည်းနည်းတော့လှမ်းသည်ဟုဆိုရမည်။ Lake 192၏တည်နေရာသည် တောင်တန်းများအလယ်တွင်တည်ရှိသောကြောင့် စိမ်းစိမ်းစိုစိုဖြင့် အင်မတန်လှပသည့်နေရာဟုဆိုနိုင်သည်။




"sunoo ကုတင်ကတစ်လုံးတည်းဆိုတော့ အဆင်ပြေရဲ့လား"

"ပြေပါတယ် niki ရဲ့ ဘာလဲမင်းက ငါ့ကိုအိပ်တာကြမ်းတယ်လို့ထင်နေလား"

"haha မဟုတ်ပါဘူးကွာ"

niki တစ်ယောက် သူ့ကိုနှုတ်ခမ်းစူစူလေးဖြင့်ပြန်ပြောနေသည့် ကောင်ငယ်လေးကိုအသည်းယား၍ ခေါင်းလေးပုတ်ပေးရင်းမဟုတ်ကြောင်း ပြောပြမိသည်။

"niki နော် ငါခလေးမဟုတ်တော့ဘူး"

"မင်းက ငါ့မျက်လုံးထဲမှာတော့ ခလေးလေးပဲ သိရဲ့လား"

ထိုအခါကောင်ငယ်လေးက မျက်စောင်းလေးခပ်ရဲ့ရဲ့ထိုး၍

"မသိပါဘူးနော်" ဟုပြောပြီး ရေခဲသေတ္တာဆီသို့လျှောက်လှမ်းသွားလေသည် ။ ရေဘူးတစ်ဘူးကိုထုတ်လိုက်ပြီးအရင်သောက်လိုက်သည်။ ပြီးမှ သူ့ဆီသို့ပြန်လာကာ ရေဘူးလေးကိုကမ်းပေးလာသည်။ ကမ်းပေးသည့်ရေဘူးကို မယူသေးဘဲချွေးအနည်းငယ်စို့နေသည့် နဖူးပြင်နုနုလေးဆီသို့ အကြည့်တွေရောက်သွားသည်။ ချွေးလေးတွေစို့မှာပေါ့ ခုနအထုပ်တွေကိုသယ်လာပြီး နေရမယ့်အခန်းဆီကို လမ်းနည်းနည်းလျှောက်လာလိုက်ရသည်မလား ။ သူဝတ်ထားသည့်ရှပ်အင်္ကျီလက်ရှည်ရဲ့ အဖျားလေးတွေဖြင့် ချွေးလေးတွေကိုသုတ်ပေးမိသည်။ ထိုအခါ ပြူးကျယ်ကျယ်မျက်ဝန်းလေးတွေဖြင့် သူ့ကိုကြည့်လာလေသည်။

"အများကြီးပင်ပန်းသွားတာလား ချွေးလေးတွေတောင်စို့နေတယ် "

"နည်းနည်းပါ~~"

"ပြီးပြီနော်"

"ကျေးဇူး ni........k.."

mystery 🍂    Where stories live. Discover now