Pt.nineteen🍂

790 97 11
                                    

sunoo တစ်ယောက်သူ့အာပါးရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် sunghoon ဆိုသည့်လူကြီး၏ခြံထဲသို့ လိုက်ရန်ပြင်ရသည်။ အာပါးကတော့ကြွားလုံးထုတ်လိုက်တာလွန်ရောပဲ ဘာတဲ့...အဲဒီလူကြီးရဲ့ဝိုင်လုပ်ငန်းကဘယ်လောက်တောင်နာမည်ကြီးတာ၊ ခြံတွေဘယ်လောက်တောင်ပိုင်ဆိုင်တာနဲ့။ ဝိုင်လုပ်ငန်းနဲ့ပတ်သက်ပြီး လေ့လာခိုင်းတဲ့ အာပါးကိုsunoo အံ့ဩလို့မဆုံး။



"ဟေး ပိစိ....အဲဒီလိုဝတ်လာလို့ဘယ်ဖြစ်မလဲ
ခြံထဲရောက်ရင်နေလောင်ကုန်မှာပေါ့
သွားပြန်ပြီးတော့လဲခဲ့ အဲဒီအတိုအပြတ်တွေကို"

"ကြည့်ပါဦး အလုပ်ခွင်တောင်မဝင်ရသေးဘူး
လိုက်ပြီးချုပ်ချယ်နေလိုက်တာများ အမြင်ကတ်ဖို့ကောင်းတယ်"

"တိုးတိုးနဲ့ပြောမနေနဲ့နော် ကိုယ်အကုန်ကြားတယ်"

"ဟွန့်..."

နှုတ်ခမ်းလေးစူပြီး မျက်စောင်းလေးခဲသွားတဲ့ ပိစိ

"မလွယ်ကြောလေးပဲ"






"အေး...မြင်တဲ့အတိုင်းပဲသားရေ sunooလေးကဂျစ်ကန်ကန်နဲ့
သားညီလေးကို သားကပဲသွန်သင်ပေးပါကွယ်"

"ဟုတ်ကဲ့ပါ အန်တီ ...စိတ်ချပါ ကျွန်တော်သေချာလေးသင်ပြပေးပါ့မယ်"

"ဟုတ်ပါပြီ "


တအောင့်လောက်နေတော့ အင်္ကျီအကွက်လက်ရှည်လေးကို style pant အနက်လေးဝတ်ထားပြီး သူတို့ဆီကိုလျှောက်လာသည့်ပိစိ။

"ရပြီမလား ဟိုလူကြီး"

"သား sunghoon hyungလို့ခေါ်ရမယ်လို့ အိုမားသင်ပေးထားတယ်လေ"

"ရပါတယ်အန်တီရယ် ကလေးကိုဆူမနေပါနဲ့တော့
ကျွန်တော်sunooလေးကို ခေါ်သွားပြီနော်
ညနေကျရင်ပြန်လာပို့ပေးပါမယ် ခွင့်ပြုပါဦး"

"ကောင်းပါပြီကွယ်"











sunghoon ကားသာမောင်းနေရတာ ဘေးကပိစိကစကားတစ်ခွန်းမှဟမလာတော့ ပျင်းခြောက်ခြောက်...

"ဟေး ပိစိ"

ဘာလဲဆိုတဲ့မျက်နှာပေးနဲ့ သူ့ကိုကြည့်လာလေသည်။

"ကိုယ့်ကိုဘာတွေ မကျေနပ်နေတာလဲ"

"ဘယ်သူက မကျေနပ်ဘူးလို့ပြောလဲ တကယ်ပါပဲ"

mystery 🍂    Where stories live. Discover now