Pt.three🍂

765 115 5
                                    

စက်ဘီးအဖြူရောင်လေးတစ်စီးက Keisung High Schoolကိုသွားတဲ့လမ်းမပေါ်ဝယ်.....

စက်ဘီးလေးရဲ့အရှေ့မှာjayကစီးပြီး အနောက်မှာတော့jayရဲ့ခါးကိုတင်းကျပ်စွာဖက်ထားပြီး ခြေထောက်လေးတရမ်းရမ်းနဲ့အငြိမ်မနေပဲ လိုက်ပါလာတဲ့ wonnieလေးကိုတွေ့ရမည်ဖြစ်သည်။

ကျောင်းဝင်းထဲရောက်တော့ခလေးငယ်က jayရဲ့အတန်းကိုလိုက်ပြလေရဲ့၊ဟုတ်ပါတယ် ဒီခလေးငယ်က လူကြီးပေါက်စလေးပါပဲ၊4နှစ်တောင်နေခဲ့တဲ့ကျောင်းဆိုတော့ ကျွမ်းကျင်နေလောက်ပြီပေါ့လို့ jayတစ်ယောက်တွေးမိလိုက်ပါသေးသည်။

အတန်းထဲရောက်တော့ နောက်ဆုံးခုံရဲ့အရှေ့မှာ နေရာယူဖြစ်တယ်၊အနောက်ခုံကတစ်ယောက်နဲ့ ဘေးခုံကတစ်ယောက်ရဲ့ပုံစံက ခင်ဖို့ကောင်းမယ့်ပုံမို့ jayဘက်ကစပြီးနှုတ်ဆက်ဖြစ်တယ်။ heeseungနဲ့ jake သူတို့နှစ်ယောက်က ကျောင်းမှာတော်တော်လေးနာမည်ကြီးတဲ့ပုံပေါ်တယ်။ အတန်းထဲကကောင်မလေးတွေရဲ့မျက်လုံးတွေက သူတို့နှစ်ယောက်စီကို လာပြီးပြေးကပ်တော့မယ့်ပုံ...









မနက်ခင်းပိုင်းစာသင်ချိန်တွေပြီးလို့ canteenသွားဖို့ခလေးငယ်ကိုသွားခေါ်မယ်ဆိုပြီး သုံးယောက်သားထွက်လာခဲ့တော့ သူတို့အတန်းရှေ့လာစောင့်နေတဲ့ ပိစိလေး၊ပြီးတော့ပြောသေးတယ်hyungက wonnieလေးရဲ့အတန်းကိုမသိမှာစိုးလို့ပါတဲ့...ဘယ်လောက်တောင်သိတတ်လိုက်တဲ့ ပိစိလေးလဲကွာ

ဘေးကနှစ်ယောက်နဲ့ခလေးငယ်ကိုခေါ်ပြီး နေ့လည်စာစားဖို့ထွက်လာခဲ့သည်။

အစားအသောက်တွေရောက်တော့ စားနေလိုက်တာများ ဘေးကသူတွေကိုမေ့နေတဲ့ပုံ၊စားလို့ဝပြီဆိုမှ jayဘက်ကို လှည့်လာပြီး နှုတ်ခမ်းလေးစူစူထော်ထော်လေးလုပ်ပြနေလေရဲ့ သဘောကတော့ပါးစပ်တွေပေနေတယ်သုတ်ပေးပါပေါ့၊ပါးစပ်လေးသုတ်ပေးပြီး ဘေးကရေဘူးလေးကိုင်ပြီးတိုက်လိုက်တော့ တပြွတ်ပြွတ်နဲ့ ပိုက်ကလေးကိုစုပ်သောက်နေလေရဲ့..hyung ရဲ့သူငယ်ချင်းကဒီကhyungနှစ်ယောက်လားဆိုပြီး မျက်လုံးလေး ထောင့်ကပ််ပြီးမေးလေသည်။ jayကဟုတ်ကြောင်းခေါင်းညိမ့်ပြလိုက်တော့ ဟိုနှစ်ယောက်ဘက်လှည့်ပြီး စကားစပြောလေသည်။

mystery 🍂    Where stories live. Discover now