Pt.twenty four🍂

676 62 7
                                    

"အာပါး ကျွန်တော်လက်မထပ်ချင်သေးဘူးနော် အလုပ်အပေါ်ပဲအာရုံစိုက်ချင်သေးတယ်"

"အာပါးတို့က စကားတောင်လွန်ထားပြီးပြီ သားငယ်လေးရဲ့"

"ဟိုဘက်ကရော လွယ်လွယ်နဲ့လက်ခံလိုက်တာပဲလား အာပါး"

"လက်ခံတာပေါ့ ..အာပါးရဲ့သားငယ်လေးက လူရည်မွန်လေးပဲကို
ပြီးတော့တခြားသူမဟုတ်ဘူး sunghoon လေးလေ..ဒါကြောင့်မို့လည်း အာပါးအလွယ်တကူလက်ခံလိုက်တာပေါ့"

အာပါးစကားကြောင့် sunoo နည်းနည်းအံ့ဩသွားရသည်။ သူ့ဘက်က sunghoon အပေါ်အရမ်းကြီးသဘောကျတာမျိုးမဟုတ်ပေမဲ့ သူ့အနားရောက်သွားရင် ခုန်လာတဲ့ရင်ခုန်သံဟာ သာမန်ထက်မြန်နေမှန်းတော့သိသည်။ အပြုံးချိုချိုလေးတွေနဲ့ သူ့ကိုပြုံးပြတဲ့အခါတိုင်း ရင်ထဲမှာပန်းတွေပွင့်ရပါသည်။ အရင်ကမိန်းကလေးတွေကိုပဲ စိတ်ဝင်စားပါသည်လို့ပြောခဲ့တဲ့သူက အခုသူ့လိုကောင်လေးတစ်ယောက်ကို လက်ထပ်ဖို့လက်ခံလိုက်သည်မှာ နည်းနည်းတော့အတွေးများစရာပင်။

"အာပါး ဒါကဖြစ်ရောဖြစ်နိုင်လို့လား
အမျိုးသားနှစ်ယောက်လက်ထပ်တာကို တစ်ချို့ကလက်ခံနိုင်ကြပေမဲ့ တစ်ချို့ကတော့..."

"sunoo..သားငယ်လေး အများကြီးမတွေးပါနဲ့  လက်ခံတဲ့သူရှိရင်ပဲ ရှေ့ဆက်လို့ရနေပြီလေ အကောင်းဘက်ကပဲတွေးကြည့်ကြမယ် company ကသူတွေလည်း သားငယ်လေးကိုချစ်တဲ့မျက်လုံးနဲ့ပဲကြည့်ကြတော့ သားငယ်လေးဘာလုပ်ရပ်ပဲလုပ်နေပါစေ အများကြီးချစ်ပေးကြမှာပဲလေ…ချက်ချင်းကြီးလက်မခံချင်ရင်တောင် နည်းနည်းလောက်တော့အချိန်ယူစဉ်းစားကြည့်ပေးပါ "

"ဟုတ်ကဲ့ပါ အာပါး သားသေချာစဉ်းစားဆုံးဖြတ်ပါမယ်"

အင်း...jungwon လေးနဲ့ niki လေးလည်းမတွေ့တာကြာပြီ.. သူတို့လည်းဘာတွေများလုပ်နေမလဲ ခုချိန်ဆိုရင်



























"hyungကလက်ထပ်တော့မယ်
ဘယ်သူနဲ့လဲhyung...."

မေးသာမေးနေရသည် nikiရင်တွေပေါက်ထွက်မတတ် စိုးရိမ်ပူပန်နေရသည်။ သူထင်ထားတဲ့သူနဲ့တော့ မဖြစ်တန်ကောင်းပါရဲ့.......

mystery 🍂    Where stories live. Discover now