Pt. twenty eight🍂

1K 72 21
                                    

sunoo တစ်ယောက် hyung နဲ့ ဖုန်းပြောပြီး တဲထဲပြန်ဝင်ဖို့အလုပ် နောက်မှာရပ်ကြည့်နေတဲ့ niki ကိုတွေ့သွားပြီး

" လန့်လိုက်တာ niki ရယ် ... အသံမပေးဘာမပေးနဲ့ "

" sorry ပါကွာ လန့်သွားစေဖို့မရည်ရွယ်ခဲ့ပါဘူး"

"အိပ်မပျော်လို့လား  ဟင်"

"အင်း sunoo ကဘာလို့အဲဒီလောက်အကြာကြီး ဖုန်းပြောနေရတာလဲ "
မျက်နှာငယ်ငယ်လေးနဲ့ မေးလာတဲ့ niki ကိုကြည့်ပြီး sunoo မှာအံ့ဩလို့မဆုံး ။ အရင်က ဒီလိုမျက်နှာပေးလေးတွေလုပ်တတ်တဲ့ ကောင်လေးကိုသူသတိမထားမိခဲ့တာလား ။

"အိပ်မပျော်ရင် စကားနည်းနည်းလောက်ဖြစ်ဖြစ် ပြောကြမလား niki "

" အင်း ....."












ဒီလိုနဲ့နှစ်ယောက်သား တဲလေးရဲ့မလှမ်းမကမ်းရှိ မြက်ခင်းပြင်ကြီးပေါ်ထိုင်ကာ ဘယ်သူ့ဘက်ကမျှစကားဆိုခြင်းအလျှင်းမရှိဘဲ မိနစ်အနည်းငယ်တိတ်ဆိတ်နေမိကြသည် ။ တိတ်ဆိတ်ခြင်းကို စတင်ဖြိုခွင်းလိုက်သူက




"sunoooooo ~ မင်း hyung ကိုတကယ်ချစ်တာလား
တကယ်လက်ထပ်ဖို့အထိရည်ရွယ်ထားတာလား"

"အင်းပေါ့ niki ရဲ့ ... "

"sunoo မင်းငါ့ကို ဘယ်လိုမြင်လဲ"

"ဘာကိုလဲ"

"ထားပါ ...

ငါ့မှာသိပ်ချစ်ရတဲ့ ချစ်ရသူလေးတစ်ယောက်ရှိတယ် .. ငါအထက်တန်းကျောင်းသားအရွယ်ကတည်းက သူ့ကိုသဘောကျခဲ့တာ..  ငါသဘောကျနေမှန်း သူကနည်းနည်းလေးမှ မရိပ်မိဘူးသိလား ဘယ်လောက်တောင် တုံးအ လိုက်တဲ့သူလေးလဲ ..ငါ ဖွင့်ပြောဖို့အတွက် အများကြီးတွန့်ဆုတ်နေခဲ့မိလို့ အခု သူများနောက်တောင်ပါသွားတော့မယ် .. သူများလက်ထဲ ထည့်ပေးလိုက်ရအောင်လည်း ငါခံနိုင်ရည်မရှိဘူး ..  ငါ့ရင်ခွင်မဟုတ်ဘဲ တခြားလူရင်ခွင်ထဲမှာသူရှိနေမယ်ဆိုတဲ့ အတွေးလေးတစ်ခုနဲ့တင် ငါရူးသွားနိုင်တယ်.. သူ့ကိုမြတ်နိုးလွန်းလို့ မထိရက်မကိုင်ရက်ဖြစ်ခဲ့ရတာ .. ငါလေသူ့ကို ဘယ်သူမှမမြင်နိုင်တဲ့နေရာခေါ်သွားပြီး ငါ့အပိုင်လုပ်ပစ်ချင်မိလောက်တဲ့အထိပဲ .. သူ့ကိုသာငါမပိုင်ဆိုင်လိုက်ရရင်လေ .........

You've reached the end of published parts.

⏰ Last updated: Mar 17, 2022 ⏰

Add this story to your Library to get notified about new parts!

mystery 🍂    Where stories live. Discover now