Pt.eight🍂

651 100 6
                                    

ခလေးငယ်က သူရည်းစားထားသည့် ကိစ္စကြောင့် ခုလိုဖြစ်နေရတာကိုသိသည်။ သူ့အစ်ကိုကိုသူများလက်ထဲထည့်ရမှာ လက်မခံချင် သည့်ခလေးငယ်ရဲ့စိတ်ကိုသူနားလည်သည်။ သူ့အပေါ်ဆိုရင် သိပ်ပြီးခင်တွယ်သည့် ခလေးငယ်ကိုစိတ်မဆင်းရဲစေချင်။ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် စာကလွဲပြီး ဘာမှအာရုံမထားစေချင်။ ခလေးငယ်ကို စိတ်ရှုပ်၊စိတ်ညစ်စေမည့် အရာမှန်သမျှကို သူရှင်းထုတ်မည်။ choiyoonနဲ့ သွားတွေ့ပြီး အကျိုးသင့်အကြောင်းသင့်ရှင်းပြကာ လမ်းခွဲရမည်။ ခလေးငယ်အတွက် ပဲ သူလုပ်သင့်ပါတယ် မဟုတ်ဘူးလား။









ကော်ဖီဆိုင်လေးရဲ့ ထောင့်တစ်နေရာမှာ jayတစ်ယောက် choiyoonကိုစောင့်နေသည်။ ခဏအကြာ သူ့ဆီကိုရောက်လာသည့် ထိုကောင်မလေး

"choiyoon အတွက် lime တစ်ခွက်မှာပေးထားတယ်"

"ကျေးဇူးပါ jay
ဒါနဲ့ ဘာများပြောစရာရှိလို့လဲ ...
အရင်ကဆိုရင် yoonကပဲ စဆက်သွယ်ရတာ"

တကယ်ပါ jay ...choiyoonကို တကယ်အားနာမိသည်။

"ကိုယ်ပြောမယ့်စကားကို choiyoon သေချာနားထောင်ပေးနော်..."

"ဘာလဲ jay လမ်းခွဲစကားပြောဖို့တော့ မဟုတ်ကောင်းပါရဲ့"

"တောင်းပန်ပါတယ် choiyoon
တွဲခဲ့တာလည်း နှစ်ပတ်လောက်ပဲရှိသေးပေမဲ့ အချိန်တွေမလွန်ခင် ပြောသင့်တယ်ထင်လို့
ပြီးတော့ကိုယ်နောင်တမရချင်ဘူး choiyoon"

yoonသိတာပေါ့..jayကသူနဲ့ရည်းစားတွေသာ ပြောတယ်၊ လက်ကိုင်ရုံကလွဲ၍ ဘယ်လိုမှအခွင့်ကောင်းမယူ၊ ချစ်တယ်လို့လည်း တစ်ခွန်းမှမပြော၊မိမိကို အားနာလို့သာတွဲပေးနေသည်ကို သိသည်။ jayကသူနဲ့တွဲလို့မပျော်ရင် သူလက်လွှတ်ပေးရမှာပေါ့။ လွတ်လပ်စွာပျံသန်းပါ အချစ်ငှက်လေးရေ...

"yoon နားလည်ပါတယ်
jayအတွက်အဆင်မပြေရင် လမ်းခွဲပေးနိုင်ပါတယ်
yoonနည်းနည်းစိတ်မကောင်းဖြစ်ပေမဲ့လို့ပေါ့"

"ကျေးဇူးပါ chiyoonကိုယ့်ကိုနားလည်ပေးလို့"

"yoon ကိုသူငယ်ချင်းအနေနဲ့တော့ လက်ခံပေးနိုင်သေးတယ်မလား jay"

mystery 🍂    Where stories live. Discover now