Pt.twenty six🍂

501 52 2
                                    

အခု jungwon တို့ သွားမယ့်နေရာလေးက gangwon do ( 강원도 )ရှိ Lake 192ဆိုတဲ့ အေးချမ်းလွန်းသည့် နေရာလေးဆီကိုပေါ့ ။ အစကသူငယ်ချင်းသုံးယောက်တည်းသွားမယ်ဆိုပြီး စီစဉ်ခဲ့ပေမဲ့ အလွမ်းဒဏ်မခံနိုင်တဲ့ jungwon လေးဟာ သူ့ရဲ့jay hyungကိုပါခေါ်လာသည်တဲ့လေ။ အဲဒီတော့ jay ကထိုခလေးငယ်သုံးယောက်ကို လိုက်ပို့ရင်း ၊ အပန်းလည်းဖြေရင်း ဤခရီးကိုထွက်လာခဲ့ခြင်းပင်။ ရှေ့ခန်းမှာ jay နှင့် jungwon ၊ နောက်ခန်းမှာတော့ niki လေးနှင့် sunoo ထိုင်ကြလေသည်။









jungwon နှင့် sunoo တို့၏စကားပြောသံလေးများသည် ကားလေးထဲဝယ် လွင့်ပျံလျက် ။






niki တစ်ယောက် ထိုသာလိကာလေးနှစ်ကောင်အား လွှတ်ထားပေး၍ နားထောင်ခြင်းအလုပ်ကိုသာလုပ်နေမိသည်။ ဘေးမှာထိုင်ပြီးစကားတွေများနေသည့် ကောင်ငယ်လေးကိုတစ်ဝကြီးကြည့်ပစ်ဖို့လည်း သူမမေ့ပေ။ ချစ်ရတဲ့ကောင်ငယ်လေးဟာ အရင်ကထက်စကားတွေများလာတယ် ။ သူ့လုပ်ငန်းမှာCEO တစ်ယောက်ဆိုပေမဲ့ ခုလိုလေးက တကယ့်ခလေးလေးတစ်ယောက်ပါပဲ ။ မတွေ့ရတဲ့နှစ်တွေမှာ ပြောင်းလဲသွားတဲ့အရာတွေ များလိုက်တာမောင့်ရဲ့ကောင်ငယ်လေးက ~~~ နှုတ်ခမ်းပါးလေးတွေဟာ အရင်ကထက်ရဲရဲလေးဖြစ်လာတယ်၊ အရပ်လေးက နည်းနည်းတော့ရှည်လာတယ်ဆိုပေမဲ့ သူ့ထက်ခေါင်းတစ်လုံးစာနိမ့်သေးတယ်၊ ဆံပင်ခဲရောင်လေးတွေနေရာမှာ အနက်ရောင်လေးတွေအစားထိုးလာတယ်၊ အသားအရေလေးတွေက ပိုကြည်လင်ပြီးနူးနူးညံ့ညံ့လေးဖြစ်လာတယ်၊ မျက်ဝန်းစိုစိုလေးတွေဟာလည်း ပိုပြီးတောက်လာလိုက်တာ ညမှာထွက်တဲ့ကြယ်လေးတွေအကုန် မောင့်ကောင်ငယ်လေးရဲ့ မျက်ဝန်းတွေထဲလာစုနေသည်ထင်၊ လက်ချောင်းသွယ်သွယ်လေးတွေရဲ့ ထိပ်ဖျားလေးတွေဟာလည်း ရဲရဲလေးတွေ (ဥပမာပေးရရင် လသားခလေးလေးတွေရဲ့ အသားအရေနီနီလေးတွေနဲ့သွားတူတယ်၊ လက်သည်းအိမ်လေးတွေကလည်း ကျယ်ကျယ်လေးတွေ ၊လက်သူကြွယ်လေးကိုကြည့်လိုက်မိတဲ့အခါ သူ့ရင်ထဲစို့နစ်လာရလေသည် ။ စေ့စပ်လက်စွပ်လေးဝတ်ထားတဲ့အဲဒီလက်ချောင်းလေးကိုသိပ်မုန်းတာပဲ ။ ပိုင်ရှင်အစစ်အမှန်ကို မသိရကောင်းလားဆိုပြီး စိတ်ရှိလက်ရှိဆွဲနမ်းပြီးအပြစ်ပေးလိုက်ရရင်ဖြင့်။ အတွေးထက် သူ့ရဲ့လက်တွေက ထိုလက်ချောင်းလေးဆီသို့ ခပ်ဖွဖွပွတ်မိလေသည်။ ထိုအခါကောင်ငယ်လေးဟာသူ့ကို စောင်းငဲ့ကြည့်လာပြီး

mystery 🍂    Unde poveștirile trăiesc. Descoperă acum