Pt.seventeen🍂

859 104 15
                                    

မူးပြီးအိပ်သွားတဲ့ ခလေးငယ်ကိုကျောပိုးပြီး ကားရပ်ထားရာနေရာသို့ပြန်လာခဲ့သည်။ ပြန်လာတဲ့လမ်းပေါ်ဝယ် ခလေးငယ်လေးကသီချင်းတွေအော်ဆိုနေလို့ ဘေးကသူတွေကကွက်ကြည့်ကွက်ကြည့်ဖြင့်။ ကြည့်လည်းဘယ်တတ်နိုင်မလဲ ဘယ်သူဆိုတာမှတ်လို့ သူ့ခလေးငယ်ပဲ။ ကျောပိုးထားတာဖြစ်တဲ့အတွက်ကြောင့် ခလေးငယ်ရဲ့လက်လေးနှစ်ဖက်က သူ့ရဲ့လည်ပင်းဆီသို့ သိုင်းဖက်ထားလေသည်။ မျက်နှာလေးကလည်း သူ့မျက်နှာနားလေးမှာ ကြောင်ပေါက်လေးတစ်ကောင်လိုပွတ်သီးပွတ်သပ်ဖြင့် ။




ကားဆီသို့ရောက်တော့ ကားထဲမှာနေရာသေချာချထားပေးပြီး ကောင်းကောင်းအိပ်ပျော်စေသည်။ အိပ်နေတာလေးက အရမ်းချစ်ဖို့ကောင်းတာကြောင့် မနေနိုင်စွာ နဖူးလေးဆီသို့ အနမ်းလေးပေးမိသည့်အခါ သူ့ကိုတင်းကျပ်စွာဖက်ထားတဲ့ ခလေးငယ်။

"လုပ်ပြန်ပြီ ပြီးရင်ထပ်ထားခဲ့ဦးမှာhyungက...
ဒါကြောင့်လွန်ခဲ့တဲ့ငါးနှစ်ကတည်းက hyungဆီကအနမ်းဆိုမယူရဲတော့ဘူး..."

"hyungမထားခဲ့တော့ဘူး wonnie
ထပ်ပြီးထားခဲ့ဖို့ ဒီအနမ်းလေးပေးတာမဟုတ်ဘူး
wonnieကသိပ်ကိုချစ်ဖို့ကောင်းနေလို့ နမ်းမိတာပါ"

"ချစ်ဖို့ကောင်းတယ်ချည်းပဲပြောမနေဘဲ လက်တွေ့ချစ်ကြည့်ပါလား wonnieလေးကို"

"ဟုတ်ပြီ hyung ဒီနေ့ကစပြီး wonnie လေးဖြစ်စေချင်တဲ့အတိုင်း wonnie လေးကိုချစ်ပေးပါ့မယ် ဟုတ်ပြီလား"

ထိုအခါမှ ဖက်ထားတာလေးကိုလွှတ်ပေးပြီး လက်မလေးထောင်ပြကာ....

"အင်း...hyung အကောင်းဆုံးပဲ"  တဲ့။













ခလေးငယ်ကို ဒီညသူ့ဆီမှာပဲခေါ်သိပ်မည်ဟု ဘွားဘွားအားခွင့်တောင်းထားသည်။
အိမ်ရောက်တော့မူးပြီးအိပ်ပျော်နေလေသည့် ခလေးငယ်အား ချီကာအိမ်ထဲသို့ ဝင်လာခဲ့သည်။



အိမ်ထဲ ရောက်တော့ အိုမားက ဧည့်ခံခန်းထဲမှာTVကြည့်နေကြလေသည်။ ခလေးငယ်ကို အခန်းထဲအရင်သိပ်ပြီးမှ အိုမားနှင့်စကားပြောရန်ထွက်လာခဲ့သည်။







"သားပျော်ခဲ့ရဲ့လား...
မွေးနေ့အတွက်လက်ဆောင်ကို အခန်းထဲမှာထည့်ထားတယ်နော်"

mystery 🍂    Where stories live. Discover now