Pt.eighteen🍂

849 97 11
                                    

မနက်ခင်းနေရောင်ခြည်က jayရဲ့အိပ်ခန်းပြတင်းပေါက်လေးဆီသို့ ဖြာကျလာသည်။ ညကလိုက်ကာမဆွဲမိခဲ့ဘူးထင်...




jungwonတစ်ယောက်လည်း ကျောင်းသွားရဦးမှာဖြစ်သည့်အတွက် အိပ်ရာမှထဖို့ပြင်ရသည်။ အရင်ကထက်ပိုပြီး နွေးနွေးလေးနဲ့အိပ်လို့ကောင်းသည်ဟုလည်း ခံစားရသည်။ hyungရဲ့ရင်ခွင်လေးထဲမှာမှေးစက်ပြီး နိုးထလာရတဲ့မနက်ခင်းလေးတွေကို အမြဲတမ်းပိုင်ဆိုင်ရရင် ကောင်းမှာပဲဟု jungwon တစ်ယောက်တွေးနေမိသည်။ အတွေးနယ်ချဲ့နေတုန်း သူ့ရဲ့ခါးလေးအားဖက်ထားသည့် hyungရဲ့လက်ကလေးတွေက ပိုပြီးတင်းကျပ်လာသည်။ 

"hyung နိုးပြီလား???"

"အင်း........."

"ဒါဆိုရင်ထတော့လေ wonnie  ကျောင်းသွားရဦးမယ် "

"wonnie ...ခလေးလေး ဒီနေ့ကစပြီး hyungလိုက်ပို့ပေးမယ်"

"ရပါတယ်hyungရဲ့
hyung အလုပ်ရှုပ်နေပါဦးမယ်"

"အလုပ်မရှုပ်ပါဘူးကွာ..."

"wonnie အရင်ကလိုပဲ သွားလိုက်ပါ့မယ် "

"hyungကလေ ခလေးလေးနဲ့ တစ်စက္ကန့်လေးတောင်ခွဲမနေချင်ဘူး သိရဲ့လား"

"တော်ပါ hyung ရယ် စကားတတ်တိုင်းလျှောက်ပြောနေလိုက်"

"တကယ်ပြောတာ ခလေးလေးရဲ့
ပြီးတော့မနေ့ညက အနမ်းလေးလည်း ဘယ်လိုမှမေ့လို့ရမယ်မထင်ဘူး"

"အာ...ဒီhyungကတော့ wonnieကို မနေတတ်အောင်လုပ်နေတာပဲ"

"huyngတို့နှစ်ယောက်က ဒီထက်ပိုပြီးရင်းနှီးပတ်သက်ရဦးမှာလေ ရှက်မနေပါနဲ့ကွာ"

"ဘယ်သူကရှက်နေလို့လဲ"

"ဟင်..မရှက်ဘူးသာပြောတယ် နားလေးတွေ၊ပါးလေးတွေက နီရဲနေရောပဲ"

"နောက်ဆိုရင်နေသားကျသွားမှာပါ..."

"ဟုတ်ပါပြီ hyungရဲ့ခလေးလေးရယ်"

"ဒါဆိုရင် ထတော့လေကွာ"

"ခလေးလေး ဒီမှာပဲရေချိုးသွားမလား"

"တော်ပြီလေ wonnie အိမ်ပြန်ပြီးပဲချိုးလိုက်မယ် ..အဝတ်အစားလည်းလဲရဦးမှာလေ"

"အင်း...ခဏနေ hyungလာခေါ်မယ် ခလေးလေး"

နှုတ်ခမ်းလေးကို ဖြတ်ခနဲလှမ်းပြီးနမ်းကာ အခန်းထဲမှထွက်ပြေးသွားသည့် ခလေးငယ်။

mystery 🍂    Where stories live. Discover now