Pt.four🍂

701 100 4
                                    

ခလေးငယ်ကိုအိမ်ပြန်ပို့ပေးပြီး jayတစ်ယောက်စာပြန်လုပ်ရသည်။ jayလိုဉာဏ်ကောင်းသူတစ်ယောက်အဖို့ စာဖတ်ရန်မှတ်ရန်မှာအချိန်ခဏသာယူရသည်။

ညဉ့်နက်ထိစာကျက်ပြီးမှ အိပ်ရာဝင်ဖို့လုပ်ရသည်။ခလေးငယ်ကတော့ဒီအချိန်ဆို အိပ်မောကျနေလောက်ပြီပေါ့...














ဘာလိုလိုနဲ့အချိန်တွေကုန်လာလိုက်တာ စာသင်နှစ်တစ်ဝက်တောင်ရောက်လေပြီ ။
wonnieလေးက ဉာဏ်သိပ်မကောင်းပေမဲ့ လုံ့လဝီရိယထားကာစာကြိုးစားတတ်သူမို့ စာမေးပွဲဖြေဆိုရသည့်လတိုင်း A ရတတ်သည်။ ဒါတောင်သူ့ကိုယ်သူမကျေနပ်သေး... wonnie ကhyungလိုမျိုး A+ ပဲရချင်တာတဲ့...wonnie ဘွားဘွားကတော့ jay ကိုကျေးဇူးတင်လို့မဆုံးပေ။ အရင်က guideတွေဘာတွေခေါ်ပေးတော့လည်း ခလေးငယ်ကသိပ်ဆိုးပြီး ဂျစ်ကပ်ကပ်လုပ်တော့ ဘယ်ဆရာ/မ မှကြာရှည်မခံတတ်ဘူးဆိုပဲ။ ဟုတ်မှာပါ ခလေးငယ်က သူ့ဘွားဘွားလက်ပေါ်မှာကြီးပြင်းခဲ့ရတာ။ ဖေဖေ၊မေမေနဲ့မနေခဲ့ရတဲ့ ခလေးငယ်မို့ဘွားဘွားသည် အလိုလိုက်ထားခြင်းဖြစ်ပေလိမ့်မည်။





"ဘွားဘွားရေမနက်ဖြန်ကျွန်တော်တို့မိသားစု ခရီးတိုလေးသွားမှာလေ..အဲဒါအိုမားက ဘွားဘွားနဲ့ wonnie လေးကိုလိုက်စေချင်ပါတယ်တဲ့..လိုက်ခဲ့မယ်မလား ဟင်..."

"မြေးကဘွားထက် wonnie လေးကိုပိုခေါ်ချင်နေတာမလား ဟမ်..အတတ်လေး"

"ဟား ဟား ဘွားဘွားတို့နှစ်ယောက်လုံးကိုခေါ်ချင်တာပါဗျာ"

"ဟုတ်ပါပြီ မြေးရယ် ဘွားကစတာပါ...လိုက်ခဲ့မယ်ဆိုတဲ့အကြောင်း အိုမားကိုသွားပြောလိုက်နော်"

"Yeah!!!"






တစ်ခုသောစနေနေ့မနက်ဝယ် အပြာရောင်အိမ်လေးထဲမှာ အသံစူးစူးလေးနဲ့သူ့ဘွားဘွားကို အင်္ကျီလှလှလေးဝတ်ပေးရန်ပူဆာနေသည့် ခလေးလေးတစ်ယောက်ရဲ့ အသံကိုကြားရပေမည်။

အမည်းရောင် hoodie လေးပေါ်မှာ ဂျင်းအင်္ကျီလေးထပ်ဝတ်ထားပြီး အောက်မှာ short pant အဖြူလေးဝတ်ထားတဲ့ ခလေးလေးဟာ သူ့ jay hyung လာအခေါ်ကို အိမ်ရှေ့ခန်းမှာ မိန့်မိန့်ကြီးထိုင်စောင့်နေလေရဲ့။

mystery 🍂    Dove le storie prendono vita. Scoprilo ora