Pt.six🍂

655 100 6
                                    

ခလေးငယ်အားပို့ပေးပြီး ကျောင်းသို့ထွက်လာခဲ့လိုက်သည်။

"jay မင်းနောက်ကျလိုက်တာ မင်းကိုစောင့်နေရတာ ငါတို့နှစ်ယောက်ဗိုက်ဆာနေပြီ"

"wonnieလေးအိပ်ရာထနောက်ကျနေလို့ပါကွာ"

"မင်းမှာလည်း ဘယ်သွားသွားဒီခလေးလေးတကားကားနဲ့ ၊ သူ့ဘာသာသူ ကျောင်းသွားတတ်နေပါပြီကွာ"

"wonnieလေးနဲ့ငါက ငယ်ငယ်ကတည်းကအတူတူနေထိုင်သွားလာနေတာ ဘာမှမထူးဆန်းဘူး ဟေ့ကောင်တွေရေ...ခုမင်းတို့ဗိုက်ဆာနေတာမလား လာ..canteen သွားကြမယ်"

မနက်စာစားကြပြီး အတန်းထဲကိုဝင်လာကြတော့ အတန်းရှေ့မှာ ပန်းစည်းလေးကိုင်ပြီး ရပ်နေတဲ့ကောင်မလေးတစ်ယောက် ။ ကောင်မလေးကချောတဲ့ထဲမှာတော့မပါပေမဲ့ တော်တော်ချစ်စရာကောင်းသည်။ ခါးလောက်ရှိသည့်ဆံပင်လေးကိုအမြဲစီးထားတတ်သည်။ နှစ်စကတည်းကဒီကောင်မလေးကို jay သတိထားမိသည်၊နာမည်တော့မသိပေ။ jay ဆီသို့တဖြည်းဖြည်းလျှောက်လှမ်းလာသည့်ထိုကောင်မလေး ...

"jay ငါနင့်ကိုသဘောကျနေတာကြာပြီ
ငါနဲ့တွဲပေးနိုင်မလား ၊ အရင်ကသဘောကျဖူးတဲ့သူမရှိဘူး jay...ငါ့ဘဝမှာပထမဦးဆုံးအကြိမ် သဘောကျဖူးတာ နင်တစ်ယောက်တည်းကိုပဲ"

jay အတွက်နည်းနည်းတော့ရှော့ခ်ရမိသည်။ သူတို့သုံးယောက်ကို သဘောကျသည့်ကောင်မလေးတွေမှ အများကြီး၊ဒါပေမဲ့ ခုလိုကိုယ်တိုင်ကိုယ်ကျသူတို့ရှေ့မှာ ဒီလိုpropose လုပ်တာကိုတော့မကြုံဘူးပေ။ jayတစ်ယောက်နည်းနည်းတော့အကျပ်ရိုက်မိသည်။ တစ်ဖက်ကလည်းမိန်းကလေး ၊ တစ်ဖက်ကလည်းတစ်ခါမှရည်းစားမထားဖူးသေးသည့်သူ့ရဲ့ single lifeလေး။ ထိုမိန်းကလေးကို ချစ်သည်မချစ်သည် သူမသိသေး၊ မိန်းကလေးတန်မဲ့သူ့သိက္ခာကိုချနင်းပြီး ဖွင့်ပြောလာသည့်သူအပေါ် တော့မရက်စက်ချင်။ တွဲနေရင်းနဲ့လဲ သဘောကျလာနိုင်တာပဲ ဟုတွေးမိသည်။

"အင်း တွဲကြတာပေါ့" ဟုရယ်မောကာကောင်မလေးအားစကားဆိုလိုက်သည့် jay...
ဘေးကနှစ်ယောက်က ခုထိဘာမှဝင်မပြောသေးပေ။


ထိုနေ့မှစ၍ single lifeမှrsကို ကူးပြောင်းလာတာ တစ်ပတ်တောင်ရှိပြီ။ အာပါးနဲ့အိုမားကိုအသိပေးထားပေမဲ့ ခလေးငယ်ကိုတော့အသိမပေးရသေး။ ခလေးငယ်သိရင်တော့ဘယ်လိုနေမည်မသိပေ။






mystery 🍂    Where stories live. Discover now