Pt.twenty five🍂

593 62 4
                                    


sunghoon တစ်ယောက်သူ့ရဲ့ညီငယ်လေး ဂျပန်ကပြန်လာသည်ကိုကြိုဖို့ အလုပ်မှစောစောပြန်လာခဲ့လိုက်သည် ။










" သားကြီး စောလှချည်လား "

" ဟုတ်တယ် အိုမားရေ niki လေးစောင့်နေရမှာမို့ "

" သားငယ်လေးက ပြန်တောင်ရောက်နေပြီကွဲ့ "

" ဟင်..ဟုတ်လား ကျွန်တော်လာကြိုပေးမယ်ပြောထားတာကို"

" အင်း ခုဆိုအိပ်နေလောက်ရောပေါ့ ညနေမှပဲ ထမင်းလက်ဆုံစားကြရင်း စကားပြောကြတာပေါ့
သားကြီးလဲနားတော့လေ "
























niki တစ်ယောက် ပြန်ရောက်ကတည်းက ခရီးပန်းလို့အိပ်နေလိုက်တာ ညနေတောင်စောင်းပြီပေါ့~~~

အပျင်းတစ်နေလို့မဖြစ် ရေမိုးချိုးပြီး ညစာစားဖို့ပြင်ရမည်။











ရေမိုးချိုးပြီးအောက်ထပ်ဆင်းလာခဲ့တော့ လူတောင်စုံနေပြီဖြစ်သည်။ သူတို့မိသားစုအပြင် sunoo တို့မိသားစုပါရောက်နေပုံထောက်ရင် နှစ်ဖက်မိဘထမင်းလက်ဆုံစားကြဖို့ စီစဉ်ထားခြင်းဖြစ်မည်။ အားလုံးထဲမှာမှ သူ့အကြည့်တို့ခိုနားသွားရာနေရာလေးကတော့ ဆံပင်အနက်အုပ်အုပ်လေးနဲ့ ဆွယ်တာအင်္ကျီနီညိုရောင်လေးဝတ်ထားတဲ့ ကောင်ငယ်လေးဆီမှာ ဖြစ်သည်။ ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲ ဒီအကောင်ပေါက်လေးကို ။

" သားငယ်လေး နိုးပြီလား လာထိုင်ပါဦးကွယ်"

အိုမားရဲ့ စကားသံကိုကြားမှ အကြည့်လွှဲလိုက်ကာ sunghoon hyung ရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီး sunoo ၏ အာပါးနှင့်အိုမားကိုနှုတ်ဆက်လိုက်သည်။


" sunghoon တို့အိုမားကတော့ သားချောချောလေးတွေချည်း မွေးထားတာပဲ ကြည့်ပါဦး "

sunoo အိုမားရဲ့ချီးကျူးစကားကိုကြားပြီး နည်းနည်းတော့ပြုံးမိသည်။



"စကားတွေနောက်မှ ပြောကြပြီးထမင်းအရင်စားလိုက်ကြမလား ဗိုက်ဆာနေကြရောပေါ့ "













ထမင်းစားရင်း စီးပွားရေးအကြောင်း သားသမီးရေးအကြောင်း ပြောနေကြတဲ့စကားတွေကို ထမင်းသာ အသာငုံ့စားရင်း niki နားထောင်မိသည်။ ရံဖန်ရံခါ ချစ်ရသူနဲ့hyungတို့ရဲ့ အကြောင်းကိုလည်း တစ်စွန်းတစ်စကြားနေရသေးသည်။



mystery 🍂    Where stories live. Discover now