Twenty Two [Z×U]

314 47 4
                                    

"ငါ သဘောမတူနိုင်ဘူး JongIn "

CEO ရဲ့ ဒေါသတကြီးအော်သံကြောင့် KyungSoo မှာအလန့်တကြားဖြစ်သွားရသည်။

"ဒီကိစ္စက လွယ်လွယ်နဲ့ဖြေရှင်းလို့ရမှာမဟုတ်ဘူး ... သာမန်ဆက်ဆံရေးဆိုရင် ဖြေရှင်းလို့ရနိုင်ပေမယ့် အခုက အဲ့လိုမဟုတ်တော့ ရမယ်မထင်ဘူး။ ပြီးတော့ ဖြစ်လာမယ့်အကျိုးဆက်က မင်းအပေါ်ကိုအများကြီး သက်ရောက်မယ်ဆိုတာမသိဘူးလား "

"သိပါတယ် ... ဒါပေမယ့် ကျွန်တော်ဖုံးကွယ်ပြီးမနေချင်ဘူး. .. Hyung ကို အခုလို ပုန်းလျှိုးကွယ်လျှိုးနဲ့ မနေစေချင်ဘူး "

JongIn နဲ့ CEO ရဲ့ အချေအတင်စကားဝိုင်းမှာ KyungSoo ဝင်ပြောဖို့အတွက် စကားအစအနတောင်ရှာမတွေ့သေးချေ။

"ငါကတော့ သဘောမတူဘူး ... ဒီအကြောင်းကို ဒီမှာပဲရပ်လိုက်တော့။ မင်းကိုပြန်စဉ်းစားဖို့အတွက် အချိန်ပေးလိုက်မယ် "

"အချိန်ဘယ်လောက်ဖြစ်ဖြစ် ကျွန်တော့်အဖြေကတူနေမှာမို့လို့ ဆရာ့ကိုလည်းပြန်စဉ်းစားစေချင်ပါတယ် ... ဒါကိုသွားခွင့်ပြုပါဦး "

JongIn က တုန်လှုပ်မှုတစ်စုံတစ်ရာတောင်မရှိ
ပဲပြောခဲ့ပြီးတာနဲ့ KyungSoo ရဲ့လက်ကိုဆွဲကာ ထိုအခန်းထဲကနေထွက်လာခဲ့လိုက်သည်။

"JongIn "

KyungSoo ရဲ့ခေါ်သံကို သူကအရေးမလုပ်ပဲ ကားဆီသို့သာဦးတည်သွားနေလေ၏။ ဒီနေ့ ဒရိုင်ဘာဦးလေးကြီးက ခွင့်ယူထားတာကြောင့် ရှိမနေ။

"JongIn ငါမောင်းရမှာလေ "

"ဘာမှမပြောပဲ ဒီတိုင်းနေနေ ဟုတ်ပြီလား "

JongIn က ဘာမပြောညာမပြောနဲ့ ကားမောင်းတဲ့နေရာမှာထိုင်လိုက်ပြီးတော့ ဒီတိုင်းသာမောင်းထွက်ခဲ့လေသည်။

JongIn ဟာ လမ်းတစ်လျှောက်လုံး  KyungSoo ရဲ့လက်ကို  မလွှတ်တမ်းဆုပ်ကိုင်ထားလျက်ရှိသည်။  CEO နဲ့ စကားအချေအတင်ပြောတုန်းက မျက်နှာဟာတည်နေသော်ငြား အခုတော့ ပြုံးယောင်သမ်းနေသည်။

"Hyung ဘာပြောမလဲဆိုတာ သိတယ် ... CEO နဲ့ အတိုက်အခံမလုပ်နဲ့လို့ပြောမှာမလား။
Hyung ရဲ့စိတ်ကိုနားလည်ပေမယ့် ကျွန်တော် Hyung နဲ့ ဒိတ်လုပ်တိုင်း လူတွေမမြင်အောင်မနေချင်ဘူး ... သာမန်ချစ်သူတွေလိုပဲ Hyung လက်ကိုတွဲပြီး နေရာအနှံ့သွားချင်တာ "

LOVE SCENARIO[Z×U]Where stories live. Discover now