One

4.2K 239 11
                                    

ဘဝမှာ တစ်​ကြိမ်​တစ်​ခါ​လောက်​​တော့ ချစ်​ဖူးလား ???

တစ်​ကြိမ်​ထက်​မနည်းတဲ့ စွန့်​လွှတ်​မှု​တွေနဲ့အတူ
လူတစ်​​ယောက်ကိုချစ်​ဖူးလား ???

မြင်​​တွေ့ရုံ​လေးနဲ့တင်​ လုံ​လောက်​ပြီဆိုတဲ့ ခံယူချက်​မျိုးနဲ့
ချစ်​ဖူးလား ???

ဒါဆို ... လမ်းခွဲမှုမျိုးကို​ရော ကြုံ​တွေ့ဖူးလား ???

တစ်​ကြိမ်​တစ်​ခါ​လောက်​​ ချစ်​ရတဲ့သူကို လမ်းခွဲခဲ့ဖူးလား ???

ဒါမှမဟုတ်​ ...

လမ်းမခွဲခင်​ကတည်းက မနီးစပ်​တဲ့ဘဝမို့လို့
ကျောခို​င်းခဲ့တာလား ???

ကြည်​နူးစရာ​ကောင်းတဲ့ အချစ်​မျိုးနဲ့ ဖန်​တီးထားတဲ့ လှပတဲ့
ဇာတ်​လမ်း​လေးတစ်​ပုဒ်​ကို ဖတ်​ဖူးချင်​သလား ???

ကြည်​နူးမှုနဲ့ ပြည့်​နှက်​​နေတဲ့ ဇာတ်​လမ်းကို​တော့
လူ​တိုင်းသ​ဘောကျကြတယ်​မလား ...

သတိ ....

နောက်​ဆုံး စာမျက်​နှာ​လေးကို ​ကျော်​လွန်​ပြီးရင်​​တော့
ဖြည်းဖြည်းချင်းလိုက်​ကာ​လေးကို ပိတ်​လိုက်​ပါ ...🌌

LOVE SCENARIO

"​ရော့ ... ​နောက်​ထပ်​ မင်းရိုက်​ရမယ့်​ ဇာတ်​လမ်း​တွေ ... "

ခုံ​ပေါ်က ချုပ်​ထား​သော စာရွက်​အထပ်​လိုက်​ကိုကြည့်​ပြီး
သက်​ပြင်းချလိုက်​မိတယ်​။





၅ ...

"ဒါ​တွေအားလုံး မင်းကို ကမ်းလှမ်းထားတဲ့ ဇာတ်​ကား​တွေချည်းပဲ "

"ဒါ​တွေ အားလုံးကို ရိုက်မယ်​လို့ ကျွန်​​တော်​​ပြောမိလား ."

ခနဲ့သလို စကား​ကြောင့်​ ပက်​လက်​လှဲကာ အနား​ယူ​နေတဲ့
ကျွန်​​တော့်​ရဲ့ မန်​​နေဂျာဖြစ်​သူ ထလာ၏ ..။
ခြေ​ထောက်​ကို ချိတ်​ထိုင်​ပြီး လက်​ထဲက ဇာတ်​ညွန်းကိုဖတ်​​နေရာမှ
မန်​​နေဂျာဖြစ်​သူထံ မျက်​ခုံးကို တွန့်​ချိုးရင်း ကြည့်​လိုက်​​တော့
"မလွယ်​ဘူး" ဆို​သော အမူအရာနဲ့ ​ခေါင်းတယမ်းယမ်းနဲ့
ကျွန်​​တော်​ ရှိရာဆီကို ဦးတည်​လာ​နေသည်​။

LOVE SCENARIO[Z×U]Where stories live. Discover now