Twenty Four [Z×U]

292 44 8
                                    

~Final~

~မင်းသား Kim JongIn မှ သူ၏ချစ်သူမှာ မန်နေဂျာဖြစ်သူ Do KyungSoo ဖြစ်ကြောင်း ဖွင့်ဟပြောကြား

ထိုသတင်းနဲ့အတူ တက်လာသည့် သတင်း ၊ ဆောင်းပါးတွေဟာ ၃ ရက်မြောက်ရှိတာတာတောင် ရပ်မသွားခဲ့ချေ။

အကုန်လုံးက အံ့သြနေကြတဲ့အပြင် Impact ကလဲ အရမ်းကြီးသွားတာကြောင့် Industry  တစ်ခုလုံး ဝုန်းဒိုင်းကြဲသွားတော့၏။

အဆက်မပြတ်တက်တာတဲ့ သတင်းတွေအောက်မှာမန့်ထားတဲ့ Comment တွေကြည့်ရမယ်ဆိုရင် အမျိုးမျိုးအဖုံဖုံ။

"Omg what the f***k ဒါက တကယ်ကြီးလား လုံးဝမယုံနိုင်ဘူး "

"ဒါက ငါ့ကို ဆွံ့အသွားစေတယ်
ဘယ်လိုမှမထင်ထားတဲ့ အရာကြီးလေ "

"Wow သတ္တိရှိလိုက်တာ ဒါကိုဖွင့်ပြောဖို့ဆိုတာ တော်တော်မလွယ်တဲ့ဟာကို "

"ဒါက ငါ့ကို စိတ်ပျက်စေတယ် ငါ ဘယ်လိုမှ လက်ခံလို့မရတဲ့အရာကြီး "

"ငါ အရင်ကတည်းက မန်နေဂျာ KyungSoo ကို သဘောကျခဲ့တာ။ သူတို့နှစ်ယောက်က အရမ်းလိုက်တယ်ဆိုပြီး စနေခဲ့သေးတယ်။ အခု ဒါက တကယ်ဆိုတော့ ငါအရမ်းပျော်တာပဲ။
JongIn oppa နဲ့ KyungSoo oppa တို့ တစ်သတ်လုံးပျော်ပျော်ရွှင်ရွှင်နဲ့ ပေါင်းဖက်နိုင်ပါစေ"

"မန်နေဂျာ KyungSoo က JongIn Oppa ကို အရမ်းဂရုတယ်ဆိုတာ အကုန်လုံးသိတာပဲ။ Oppa ကလဲ မန်နေဂျာ KyungSoo မပါရင် ဘာမှမလုပ်ဘူးဆိုတဲ့သတင်းတွေတောင်ရှိနေတာကို ... ငါကတော့ သဘောတူတယ်။ ပြီးတော့ သူတို့က အရမ်းလိုက်တယ် "

"ငါက JongIn oppa ရဲ့ fan ပါ။ ငါသူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ် ...အဲ့တာကြောင့် ဆက်ပြီး သဘောကျနေဦးမှာပဲ"

" KyungSoo Oppa မို့လို့ ငါသဘောတူတယ်။ သူ့နေရာမှာ အခြားလူသာဆို ငါသဘောတူမှာမဟုတ်ဘူး "

"ငါကတော့ ကြားနေပါ။ ဒါပေမယ့် ဒါကိုဖွင့်ပြောလိုက်လို့ သူ့အများကြီး ရင်ဆိုင်ရမယ်ထင်တယ် "

ကောင်းတဲ့မှတ်ချက်တွေရှိသလို မကောင်းတဲ့မှတ်ချက်တွေလည်းရှိတာကြောင့် KyungSoo မှာ JongIn အတွက် စိတ်ပူနေရသည်။

ဒီလိုနဲ့ JongIn က အရာအားလုံးစွန့်လွှတ်လိုက်ရရင် ဘယ်လိုလုပ်မလဲဆိုသည့် ထိုအတွေးကိုပဲ KyungSoo ခဏခဏတွေးနေမိသည်။

LOVE SCENARIO[Z×U]Where stories live. Discover now