Eighteen[Z×U]

641 110 17
                                    

"KyungSoo ရေ JongIn က "

"ကျွန်တော် သွားစရာရှိလို့ JongIn အတွက် ပြင်ဆင်စရာရှိတာတွေကို Hyung ပဲ လုပ်ပေးလိုက်တော့ "

"ဟာ KyungSoo. .. နေဦးလေ "

ခေါ်သံကို မကြားချင်ယောင်ဆောင်ပြီး ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းလျှောက်ရင်း လူရှင်းတဲ့နေရာရောက်မှ ရပ်လိုက်တော့သည်။

တစ်ပတ် ~
ဟိုနေ့က ကိစ္စြ့ပီးကတည်းက အကြောင်းတစ်မျိုးမဟုတ်ပြပြီးတော့ JongIn ကို သူရှောင်နေခဲ့တာ တစ်ပတ်မျှ ရှိပြီပင်။

မျက်နှာချင်းဆိုင်ဖို့ကို လန့်နေတာကြောင့် သူ့မှာ ခပ်ဝေးဝေးကနေပဲ JongIn ကို စောင့်ကြည့်နေခဲ့ရတာ...

JongIn ကတော့ သူနဲ့တွေ့ဖို့ကို မကြာခဏ
ကြိုးစားနေပေမယ့် KyungSoo ကတော့ မသိချင်ယောင်ဆောင်နေခဲ့သည်။

"ဒီလိုမျိုး ဆက်တိုက်ရှောင်နေမှာလား "

အနောက်ကနေပြီး ရင်းနှီးနေတဲ့အသံထွက်လာတာကြောင့် KyungSoo မှာ အလန့်တကြားဖြစ်သွားရသည်။

"ဘယ်ချိန်ထိ ဒီလိုရှောင်နေမှာလဲ"

"JongIn .. မင်းနော် ရှေ့တိုးမလာနဲ့"

မေးခွန်းတွေ ဆက်တိုက်မေးပြီး သူ့ဆီကိုနီးသထက်နီးလာတဲ့ ခြေလှမ်းတွေကြောင့် KyungSoo မှာ အကြောက်ကြောက်အလန့်လန့်နဲ့ နောက်ဆုတ်ရသည်။

"JongIn. . မင်း "

"အရူးလို ရှောင်မနေပဲ ကျွန်တော်နဲ့ ထိပ်တိုက်သာရင်ဆိုင်ပါ ... အဲ့တာဆို အနည်းဆုံးတော့
Hyung ရဲ့မျက်နှာကို မြင်ရလို့ "

ကျောပြင်နဲ့ နံရံထိကပ်သွားတော့ KyungSoo မှာ ချောင်ပိတ်မိနေသည်။ JongIn ကလဲ သူ့ကိုလုံးဝလွှတ်ပေးမည်မဟုတ်။

"JongIn ... ဖယ်လို့ငါပြောနေတယ်နော် "

"မဖယ်ဘူး .. ကျွန်တော်ပြောတာ အရင်ဖြေ"

"မင်းနော် ... "

လေ့ကျင့်ခန်းလုပ်ထားသော လက်မောင်းကြီးတွေကို KyungSoo မှာမတွန်းနိုင်တဲ့အဆုံး ထိုလက်မောင်းတွေကို ကိုင်ပြီး ကိုက်ချလိုက်တော့သည်။

"အား !!!! "

"မှတ်ပြီလား ... ငါဖယ်လို့ပြောတာကို မင်းမှမဖယ်တာ လူဆိုးကောင် "

LOVE SCENARIO[Z×U]Where stories live. Discover now