Four

1K 135 3
                                    

"JongIn ! ဒါရိုက်​တာက ဖုန်းဆက်​တယ်​ .. မင်း ဒီ​နေ့ scene ​တွေကို ခဏခဏ ပြန်​ရိုက်​ရတယ်​ဆို "

အိမ်​ပြန်​​ရောက်​​​​တော့ JongIn ဘယ်​တစ်​ဖက်​ ညာတစ်​ဖက်​ချွတ်ထားတဲ့ ဖိနပ်​ကို ဖိနပ်​စင်​​ပေါ်တင်​​ပေးရင်းနဲ့ ... JongIn ကို ​ပြောလိုက်​သည်​။

"ခဏ ခဏ ပြန်​ရိုက်​ရတာ ဘာဖြစ်​လို့လဲ ... လူပဲ အမှား​တော့ရှိမှာ​ပေါ့ ... အမြဲတမ်းမှန်​​နေရ​အောင်​ ကျွန်​​တော်​က စွမ်းအားရှင်​မှမဟုတ်​တာ "

Sofa ​ကို ​လျှောကျ​အောင်​ထိုင်​ပြီး ​ခြေ​ထောက်​နှစ်​ဖက်​ကားထားတဲ့ JongIn က ဖုန်း​ဆော့ရင်းနဲ့ တစ်​ခွန်းမကျန်​ပြန်​​ပြောသည်​။

"ဒါရိုက်​တာက ​ကောင်း​စေချင်​လို့​ပြောတာ​လေ... အရင်​တုန်းက​တောင် ဒီလိုမဖြစ်​ဖူးဘူး "

KyungSoo က ပြန့်​ကျဲ​နေတဲ့ JongIn ရဲ အကျီ င်္​တွေကို ​ကောက်​ပြီး ခြင်းထဲထည့်​​နေလျှက်

"အရင်​က မဖြစ်​​ပေမယ့်​ ... အခု ဖြစ်​ချင်​ဖြစ်​မှာ​ပေါ့ဗျာ ... သူတို့မကြိုက်​နဲ့ မရိုက်​နဲ့​ပေါ့ ..
မရိုက်​ရ​လေ ​ကောင်း​လေပဲ "

"JongIn ရယ်​ မင်းဘယ်​လိုဖြစ်​​နေတာလဲ ...
စကားကို အမြဲကန့်​လန့်​တိုက်​​နေတာ ... "

"ဟာဗျာ ... နားညီးလာပြီ ... ဆူပူတာ​ အခုရပ်​မှာလား ကျွန်​​တော်​ ထသွားရမလား "

JongIn က Sofa ​ပေါ်မှာ တွန့်​လိ​န်​​နေရင်းနဲ့
KyungSoo ကို အသံကျယ်​ကြီးနဲ​အော်​​ပြော​နေသည်​။

"မရပ်​နိုင်​ဘူး ... မင်းဘာသာမင်း ထသွားချင်​သွားမသွားချင်​​နေ "

KyungSoo က JongIn ​ဘေးနားကို​ရောက်​လာပြီး ​ပြောလိုက်​​တော့ JongIn က ဆူ​အောင့်​ပြီး
ဖုန်းကိုချကာ သူ့အိပ်​ခန်းထဲကို ဝင်​သွားသည်​။

KyungSoo က ​တော့ JongIn ကို ကြည့်​ပြီး ​ခေါင်းတခါခါနဲ့ သက်​ပြင်းချလိုက်​သည်​။

KyungSoo မနက်​ဖြန်​အတွက်​ JongIn လို​အပ်​မယ့်​ ပစ္စည်း​တွေ ၊ အကျီ င်္​တွေကိုအကုန်​ပြင်​ဆင်​ပြီးတာနဲ့ နာရီကိုကြည့်​လိုက်​​တော့ ၁၁ နာရီထိုး​နေပြီပင်​ ...

LOVE SCENARIO[Z×U]Where stories live. Discover now