Nine[Z×U]

840 120 0
                                    

အမည်းရောင်ဝတ်စုံလေးနဲ့ ထိုင်လိုက်ထလိုက်လုပ်ပြီး ခေါင်းလေးငုံ့ လက်ဆွဲနှုတ်ဆက်နေတဲ့သူကို JongIn မလှမ်းမကမ်းကနေ ကြည့်နေမိသည်။

ငိုထားတာမို့လို့ နှာခေါင်းလေးတွေကရဲနေပြီး မျက်လုံးလေးတွေကအစ်နေသည်။
ဒါပေမယ့် အနည်းငယ်ပြုံးပြီး အားတင်းကာ နှုတ်ဆက်နေတာကိုကြည့်ပြီး ရင်ထဲမကောင်း ~

တစ်ချက် တစ်ချက် JongIn ရှိတဲ့နေရာကို လှမ်းကြည့်တတ်တာမို့လို့ JongIn က သူအဆင်ပြေတယ်ဆိုပြီး  ခေါင်းညိမ့်ပြလိုက်သည်။

"ဘာလို့လိုက်လာတာလဲ"

ဧည့်သည်တွေရှင်းသွားတော့ သူ့နားကိုလာထိုင်ပြီး အသံတိုးတိုးလေးနဲ့မေးတယ် ~

"ဒီကိုမလာနိုင်ရအောင် အဲ့အလုပ်က အရေးကြီးတာမှမဟုတ်တာ "

*စိတ်ပူလို့* ဆိုတဲ့စကားကိုပြောချင်ပေမယ့် တကယ်တမ်းထွက်လာတာက နားထောင်လို့ကောင်းတဲ့ စကားတော့မဟုတ် ~

"ဟိုမှာရှိနေမယ့် သူတွေကို အားနာစရာကြီး "

KyungSoo က သူ့ကိုကြည့်ပြီး ပါးစပ်လှုပ်ရုံလေးသာဆိုလိုက်တယ်

"သူများအတွက် စိတ်မပူပဲ ကိုယ့်အတွက်သာကိုယ်စိတ်ပူ"

JongIn ပြောလိုက်တော့ ပြုံးပြုံးလေးနဲ့ ခေါင်းကိုငုံ့လိုက်၏။

"ဘယ်အချိန်ထဲကလဲ ဦးလေး နေမကောင်းတာက"

"ရောဂါကတော့ကြာပြီ ... ဆေးသောက်လိုက်ပျောက်လိုက်ဖြစ်နေတာ ... အခုဖြစ်တာက လွန်ခဲ့တဲ့ ၃ လလောက်ထဲက"

"အဲ့တာကို ဘာလို့ ကျွန်တော့်ကိုမပြောတာလဲ"

"ဒီတိုင်း. .. မလိုဘူးထင်လို့ "

"ဒီအတောအတွင်း ခင်ဗျားကို ပြသနာရှာထားတာအများကြီးလေ ... ဒီလိုဖြစ်မှန်းသိရင် ဦးလေးအနားမှာနေခိုင်းမှာပေါ့ ... သပ်သပ်မဲ့ ကျွန်တော့်ကို လူဆိုးဖြစ်အောင် "

မပွင့်မလင်းဖြစ်နေတဲ့ KyungSoo ကို ကြည့်ပြီး အားမရစွာပြောမိတော့ ခေါင်းကိုသာငုံ့ထားလေရဲ့ ~

"ခေါင်းကြီးကို ငုံ့မထားစမ်းပါနဲ့ ... မော့ပါ "

JongIn က ခေါင်းကိုဆွဲမော့လိုက်တော့ မျက်ရည်တွေက ပါးပြင်ပေါ်မှာရွှဲလျက် ~

LOVE SCENARIO[Z×U]Where stories live. Discover now