Nighteen[Z×U]

559 108 14
                                    

JongIn နိုးလာတော့ KyungSoo က ရှိမနေခဲ့။
ဖုန်းဆက်ပေမယ့်လဲ မကိုင်တာကြောင့်
စိတ်တွေရှုပ်လာရ၏။

စိတ်ညစ်ညစ်နဲ့
ဆံပင်တွေကို ဆွဲဖွပြီး ရေခဲသေတ္တာထဲက ဘီယာပုလင်းဖောက်သောက်လိုက်သည်။

တီ တီ တီ

တုန်ခါလာတဲ့ဖုန်းကြောင့် KyungSoo များလားဆိုပြီး အမြန်ကိုင်လိုက်ပေမယ့် မဟုတ်ခဲ့။

"အဲ့တာ ဘာကိုပြောတာလဲ ... "

တစ်ဖက်ကလူရဲ့စကားကို ဆုံးအောင်နားထောင်ပြီးတဲ့နောက်မှာ JongIn ဟာ အမြန်ပြေးထွက်လာလိုက်တယ်။

ကားဆီသို့ အမြန်ရောက်အောင်သွားနေရင်း ဖုန်းကိုဖွင့် သတင်းကိုကြည့်မိတော့ KyungSoo ရဲ့ အနားယူမည် ဆိုတဲ့သတင်းက ထိပ်ဆုံးမှာ ~

"ငါပါ ... ခြေရာခံတဲ့စက် ဖွင့်လိုက်တော့ "

KyungSoo ရဲ့ စိတ်ကိုမခန့်မှန်းနိုင်တဲ့အတွက်
လိုလိုပိုပိုဆိုပြီး တပ်ထားခဲ့လိုက်တာ မှန်သွားသည်။

ဖုန်းပေါ်မှာ မြင်နေရတဲ့ အနီရောင်အစက်လေးက တစ်နေရာထဲမှာပဲ အကြာကြီးရှိနေ၏။
JongIn လဲ ထိုနေရာဆီကို အမြန်ဆုံးမောင်းခဲ့လိုက်သည်။

အရိုးပြာအိုးထားတဲ့မှန်ဘောင်လေးကို မှီပြီး မျက်လုံးလေးမှိတ်ထားတဲ့ KyungSoo ကိုမြင်တော့ JongIn သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။

အခုချိန်မှာ KyungSoo လဲ ပင်ပန်းနေမည်ဆိုတာကိုသူသိသည်။ အကွယ်နားလေးကနေ နာရီဝက်လောက်ကြာတဲ့အထိ ငေးကြည့်ပြီးတော့မှ KyungSoo ဆီကို သူသွားလိုက်သည်။

"Hyung "

သူခေါ်လိုက်တော့ ချက်ချင်းပွင့်လာတဲ့ မျက်ဝန်းတွေမှာ အံ့သြမှုတွေအထငိးသား ~

"မင်းက ဘယ်လိုလုပ် ... "

KyungSoo ပြောတာကို ပြန်မပြောသေးပဲ
သူ့အဖေကို အရင်ဂါဝရပြုလိုက်သည်။

"စကားပြောရအောင် "

"မင်းနဲ့ ပြောစရာမရှိဘူး "

"ကျွန်တော့်မှာရှိတယ် ... hyung မလိုက်မချင်း ကျွန်တော် ဒီမှာပဲရှိနေမယ် "

KyungSoo က သူ့ရဲ့မျက်ဝန်းတွေကို စူးစူးစိုက်စိုက်ကြည့်နေသလို JongIn ကလဲ အလျှော့မပေးပဲ ပြန်ကြည့်လိုက်သည်။

LOVE SCENARIO[Z×U]Where stories live. Discover now