Eleven[Z×U]

702 122 9
                                    

"Eweee လေးလိုက်တာ "

ဟိုတယ်ကိုပြန်ရောက်ရောက်ချင်း ကျောပေါ်မှာ အိပ်ပြီးလိုက်လာတဲ့ KyungSoo ကို ကုတင်ပေါ်ပစ်ချလိုက်သည်။

ဒါတောင် မနိုးပဲ ဟိုကုတ်ဒီကုတ်နဲ့ ဆက်အိပ်သေး ~

"မသောက်နိုင်ရင် ဆက်မသောက်ပဲနေရမှာပေါ့ .. အခုတော့ သူ့ကိုယ်တစ်လျှောက်လုံး ကျောပိုးလာရတယ် "

ခါးထောက်၊ ချွေးစိုနေတဲ့ ဆံပင်ကိုသပ်တင်ရင်း KyungSoo ကို ပြောနေလိုက်သည်။

"ဒါပေမယ့် တော်ပါသေးရဲ့ ... ဒီလိုလေးဖြစ်ဖြစ် စိတ်ပြေပျောက်သွားလို့"

KyungSoo ရဲ့ ဆုံးရှုံးမှုက အရမ်းကြီးမားခဲ့ပေမယ့် ဒီလိုလေးဖြစ်ဖြစ် ခဏမေ့ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့အတွက် JongIn ပျော်ပါသည်။

"ဒီတိုင်း ထားလို့လဲမဖြစ်တော့ ငါပဲလဲပေးရမှာပေါ့"

ဖိနပ်တွေ ၊ ခြေအိတ်တွေချွတ်ပေးပြီးတော့ သက်တောင့်သက်သာရှိတဲ့ အနေအထားကိုပြောင်းကာ အိပ်စေလိုက်သည်။ မျက်မှန်လေးကို ချွတ်ပေးတော့ မျက်တောင်စင်းစင်းလေးတွေက
ထင်းကနဲ ~

မျက်ခုံးတန်းတန်းလေးတွေကလဲ ဖွေးဥနေတဲ့ မျက်နှာပြင်လေးပေါ်မှာ ရှိနေ၏။
သောက်ထားတဲ့ အရှိန်ကြောင့် မျက်နှာကပါ ရဲနေတဲ့အပြင် မီးရောင်အရှိန်ကြောင့်မို့လို့ KyungSoo ရဲ့ မျက်နှာလေးဟာ နုဖက်နေသည်ပင် ~

သေချာကြည့်ရင်း ပါးပြင်လေးထဲကို လက်ညိုးထိုးကြည့်လိုက်တော့ အိကနဲ ~

"ဘာလို့ ဒီလောက် အိစက် နေရတာလဲ"

့ပုံမျန်အချိန်တွေဆို ကတုံးဆံပင်ပေါက်နဲ့မျက်မှန်အမည်းတပ်ထားတာကြောင့် မျက်နှာကို ရင့်မယ်ထင်ထားခဲ့တာ .. ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ သူ တစ်ခါမှတောင် မတွေးထားခဲ့။

ဒီနေ့မှ အနီးကပ်မြင်ရတာတွေကြောင့် JongIn မှာ တအံ့တသြဖြစ်နေရသည်။
ဒီနေ့ သူ သိလိုက်တာတစ်ခုကတော့ သူ့ရဲ့မန်နေဂျာ KyungSoo ဟာ အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာပဲ~~~

တအင်းအင်း တအဲအဲ နဲ့ ကုတင်ပေါ်မှာ ဟိုလိမ့် ဒီလိမ့်လုပ်နေတဲ့ KyungSoo ကို ကြည့်ပြီး အကြံတစ်ခုရသွားသည်။

LOVE SCENARIO[Z×U]Where stories live. Discover now