Five

1K 139 4
                                    

"JongIn နောက်လ ဇာတ်ကားရိုက်ဖို့အတွက် ဂျပန်ကို
သွားရမယ်နော် "

ရိုက်ကွင်းကနေပြန်လာပြီးကတည်းက Game ဆော့နေတဲ့ JongIn ကို အသိပေးလိုက်ပေမယ့် ဟိုကတော့ သူပြောတဲ့စကားကို နံကြားတောင်မညှပ် ...

"JongIn ရေ ... JongIn ya "

နောက်ထပ် နှစ်ခါလောက်ပြောလိုက်တော့မှ ခေါင်းညိမ့်ပြတော့၏။

"ဒီနေ့ညနေစာကို ဘာစားချင်လဲ ... ငါ ချက်ကျွေးမယ် "

"ဒီ ချက်ကျွေးတာတွေပဲစားနေရတာ မစားချင်တော့ဘူး။
အပြင်သွားစားကြမယ် "

Game အဆော့မပျက်ပဲ အပြင်မှာစားမယ်ပြောတော့
သူ့ဆန္ဒအတိုင်း လိုက်လျောရသည်။

"သွားကြမယ်လေ ... အဆာလွန်ရင် မကောင်းဘူး "

ဒီတစ်ခါတော့ သူ့စကားကိုလျှောလျှောရှူရှူနဲ့ လိုက်နာသည်။ အကျီ င်္အပါးလေးနဲ့ အရင်ထသွားတဲ့ JongIn အတွက် အသားရောင်အပေါ်ကုတ်လေးကိုယူပြီး အနောက်ကနေလိုက်ခဲ့လိုက်သည်။

Driver မပါပဲ သူကိုယ်တိုင်မောင်းတာမို့လို့ KyungSoo အနည်းငယ်လန့်သည်။ JongIn က ကားကို သာမန်ထက်ပိုပြီး မြန်အောင်မောင်းတတ်တာမို့လို့
သူမောင်းတာကိုစီးတဲ့အခါ KyungSoo ဘုရားတနေရတတ်၏။

"ကျွန်တော်မောင်းတာကို အဲ့လောက်တောင်ကြောက်လား ... "

သူ့ရဲ့အခြေအနေကို သိတဲ့ JongIn က အရှေ့ကိုပဲကြည့်ရင်းနဲ့ တစ်ချက်ရယ်ကာ မေးလာသည်။

"မင်းက အမြန်မောင်းတာကိုး ... ငါက ကားမြန်ရင် ကြောက်တတ်တယ် ... "

"ဟား ဟား "

သူ့ဆီက ကြောက်တယ်ဆိုတဲ့ စကားကိုကြားတော့ JongIn က တဟားဟားနဲ့ အကျယ်ကြီးအော်ရယ်သည်။

အားရပါးရရယ်နေတဲ့ JongIn ကို KyungSoo က မျက်မှောင်ကုတ်ပြီးကြည့်တယ် ...

"မျက်မှောင်ကုတ်ပြီးမကြည့်စမ်းပါနဲ့ ... ကျွန်တော်က အရှေ့ကိုပဲကြည့်နေပေမယ့် ခင်ဗျား ဘာလုပ်လဲဆိုတာ
မျက်လုံးထောင့်ကနေ အကုန်မြင်ရတယ် ... အဲ့လိုကြည့်ရင် ကျွန်တော်အရမ်းရယ်ချင်လာလို့ .. ဟား ဟား "

သူ့ကိုမထိတထိအမြဲပြောနေတဲ့ JongIn ကို
ဘာမှမပြောတော့ပဲ ကားတံခါးဘက်ကိုမျက်နှာမူလိုက်ပြီး
အပြင်ကိုပဲကြည့်လိုက်တော့သည်။

LOVE SCENARIO[Z×U]Where stories live. Discover now