Ten[Z×U]

742 115 6
                                    

"JongIn ဖုန်းမသုံးနဲ့တော့လေ ခဏနေ လေယာဉ်ထွက်တော့မှာ"

Game ဆော့နေတဲ့ JongIn ကို အသာလေးတို့ပြီးပြောလိုက်တော့ မျက်စောင်းတစ်ချက်ထိုးပြီး သူ့လက်ထဲကဖုန်းကိုထည့်ပေးလိုက်သည်။

"အိပ်လိုက်ဦးလေ ... ပင်ပန်းထားတယ်မလား"

ဒီတစ်ပတ်လုံးလုံး JongIn က KyungSoo ဘေးမှာရှိပြီးတော့ တတ်နိုင်သလောက်လိုက်ကူညီပေးနေတာမို့လို့ ပင်ပန်းနေမှာသေချာသလောက်ပင်~

အမှန်ဆို JongIn ကို ရက်ပိုင်းလောက် အနားယူခိုင်းစေချင်ပေမယ့် ရိုက်ကူးရေးအဖွဲ့က လူတွေကိုလဲ အားနာတာမို့လို့ ကိစ္စတွေဆောင်ရွက်ပြီးတာနဲ့ ချက်ချင်းပဲ Japan ကို လာခဲ့တာပင်ဖြစ်သည်။

ခေါင်းလေးမှီပြီး အိပ်ပျော်သွားတဲ့ JongIn ကို
သူ့ရဲ့ ကုတ်အကျီ င်္လေး ခြုံပေးပြီးတော့ မျက်လုံးထဲ ဝင်လုနီးပါးဖြစ်နေတဲ့ ဆံပင်လေးတွေကိုလဲ သပ်ပေးလိုက်သည်။

သူကတော့ အနောက်ကိုမှီရင်းနဲ့ပဲ မျက်လုံးတွေကို မှိတ်ချလိုက်သည်။

ဖြတ်ကနဲပွင့်လာတဲ့မျက်ဝန်းတွေနဲ့ အပြင်ကိုကြည့်လိုက်တော့ အပြာရောင်ကောင်းကင်ကြီးနဲ့ တိမ်အထပ်လေးတွေ ~

မျက်လုံးကိုပွတ်ရင်း ပခုံးပေါ်မှာ လေးပင်ပင်အရာတစ်ခုရှိနေတယ်လို့ ခံစားရတာကြောင့် ကြည့်မိလိုက်တော့ သူ့ပေါ်မှာအိပ်ပျော်နေတဲ့ မန်နေဂျာ ~

နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေတာကြောင့် ဘယ်လောက်ပင်ပန်းထားလဲဆိုတာ သိသာနေ၏။
တစ်ရက်ကို ၃ ၄ နာရီနှုန်းနဲ့ပဲ အိပ်ပြီး လိုအပ်သမျှတွေ အကုန်လုပ်ပေးနေတဲ့ KyungSoo ကိုကြည့်ပြီး JongIn တော်တော်စိတ်မကောင်းဖြစ်မိသည်။

မျက်ခုံးတန်းတန်းရယ် မျက်တောင်စိပ်စိပ်လေးတွေရယ် ... ပြီးတော့ ထော်နေတဲ့ အသည်းပုံနှုတ်ခမ်းလေးနဲ့ အိပ်မောကျနေတဲ့ KyungSoo ကို အနီးကပ်ကြည့်မိနေရင်း JongIn ရင်တွေခုန်လာသည်။

"ဘာလဲ ... ဘာလို့ရင်ခုန်နေတာလဲ "

ရင်ဘက်ကိုအသာလေးဖိပြီး KyungSoo ဆီကနေ အကြည့်ခွာကာ အပြင်ဘက်ကတိမ်တွေကိုပဲ ငေးကြည့်လိုက်သည်။

LOVE SCENARIO[Z×U]Where stories live. Discover now