Twenty One [Z×U]

561 88 8
                                    

"Hyung ... ထတော့လေ "

စောင်ပုံထဲမှာနစ်နေတဲ့ သူ့ရဲ့ချစ်လှစွာသော Hyung ကို နှိုးဖို့အတွက် JongIn ဟာ ညင်ညင်သာသာလေးပဲ ခေါ်လိုက်တယ် ...

ဒူးခေါင်းလေးကိုကွေးပြီးအိပ်နေတဲ့ KyungSoo ရဲ့ပုံလေးက ပုစွန်ကွေးလေးလိုဖြစ်နေသည်။
မျက်မှန်လေးချွတ်ထားတာမို့လို့ မျက်တောင် ရှည်ရှည်စိတ်စိတ်လေးတွေကို အတိုင်းသားမြင်နေရသည်။

ဆူထော်နေတဲ့ အသည်းပုံနှုတ်ခမ်းလေးကိုတော့ ကြည့်နေရင်းမနေနိုင်တာမို့လို့ ခပ်ဖွဖွလေးထိတွေ့လိုက်မိသည်။ ဒါတောင် KyungSoo ဟာမနိုးသေး ...

"Hyung. .. ထတော့လေ "

ဒီနေ့ JongIn မှာ Schedule မရှိတာကြောင့်
ဘူဆန်ကို KyungSoo နဲ့အတူတူ သွားမှာဖြစ်လို့ စောစောထခဲ့ပေမယ့်
KyungSoo ကတော့ အိပ်မောကျနေတာပင် ...

JongIn လဲ မနေနိုင်တော့တဲ့အဆုံး ကုတင်ပေါ်ကိုတက် ... KyungSoo ခန္ဓာကိုယ်လေးကို အသာလေးမပြီးတော့ သူ့ရဲ့ရင်ခွင်ထဲမှာ ထည့်ထားလိုက်သည် ...

KyungSoo ရဲ့ နဖူးလေးကို ညင်ညင်သာသာလေးနမ်းပြီးတော့ အနည်းငယ်ရှည်စဖြစ်နေတဲ့ ဆံပင်လေးတွေကိုလဲ သပ်ပေးနေလိုက်တယ် ..
ဒီအတောအတွင်း သူ့ကြောင့် အများကြီး ပင်ပန်းထားတာမို့လို့ မနှိုးတော့ပဲ ဆက်အိပ်စေလိုက်တယ် ...

~~~

"Hyung က ဒါလေးဝတ် "

ဒီနေ့တစ်ရက်တော့ သူက မန်နေဂျာလုပ်မယ်ဆိုပြီး ဂျီတိုက်နေတဲ့ JongIn ကြောင့် KyungSoo မှာ လုပ်ခွင့်ပေးလိုက်ရသည်။

အခုလဲကြည့် ... သူထုတ်ပေးတာကို ဝတ်ရတော့မည်။ အရင်က အမည်းရောင်ကိုသာ ဝတ်လေ့ရှိတဲ့သူက ဒီတစ်ခေါက်မှာတော့ JongIn ထုတ်ပေးတဲ့ အပြာရောင် လက်ရှည်ဗြောင်လေးကို ဝတ်ရတော့မည် ...

"Hyung ..... ခါဝါအီ "

အဝတ်လဲပြီး ထွက်လာတော့
ပါးနှစ်ဖက်ကိုဖျစ်ပြီး အသည်းတယားယားကြည့်နေတဲ့ JongIn ကြောင့် KyungSoo မှာ ဘယ်လိုနေလို့ နေရမှန်းကိုမသိ ...

"ကျွန်တော့်ရဲ့ Hyung က ချစ်စရာလေး "

"တော်တော့ ... မင်းသာ အဝတ်အစားသွားလဲသွား .. "

LOVE SCENARIO[Z×U]Where stories live. Discover now