Fourteen[Z×U]

677 112 6
                                    

"လိုက်မလာနဲ့လို့ပြောနေတယ်နော်"

ဟိုတယ်အခန်းပေါက်က ထွက်ခါနီး လိုက်လာမယ်လုပ်နေတဲ့သူကြောင့် JongIn တစ်ချက်လှည့်ကြည့်ကာ ဆူလိုက်သည်။

"မရဘူး လိုက်မှာပဲ ... ငါကမင်းရဲ့မန်နေဂျာမို့လို့ ငါ့စိတ်တိုင်းကျလုပ်လို့ရတယ်"

ပြောရင်းဆိုရင်း JongIn ကို တွန်းထုတ်ကာ
သွားဖို့ပြင်နေတာကြောင့် သူ့ကိုပွေ့ချီပြီး အခန်းထဲပြန်ထည့်လိုက်သည်။

"မင်း ... အူပုပ်ကောင် ... ကိုယ်ချင်းမစာနာတဲ့ကောင်"

KyungSoo က ပြောလဲပြော ရုန်းလဲရုန်းနေပေမယ့် JongIn လက်ထဲမှာရှိနေလျက်

"ငါ လိုက်ချုင်တယ်လေ ... ဒီမှာတစ်ယောက်ထံမနေချင်ဘူးကွ "

ပုံစံနောက်တစ်မျိုးပြောင်းပြီး ပြောလိုက်ပေမယ့် သူ့စကားကို နားဝင်ပုံမရတဲ့ JongIn ကြောင့် Kyungsoo ဒေါသတွေပါထွက်လာရသည်။

"လူကြည့်တော့ လေတိုက်ရင်လဲမယ့်ပုံစံနဲ့
လိုက်လာချင်သေးတယ် ... ဖျားရင်လဲ အနည်းဆူံး တစ်ပတ်လောက်ဖျားတဲ့သူက ဘယ်သူ့ကိုလာပြီး ပြောနေတာလဲ "

JongIn ပြောတာလဲ ဟုတ်တာမို့လို့ KyungSoo မှာ ခွန်းတုံ့မပြန်ရဲ~'

"ထပ်ပြောမယ်နော် ... လိုက်လာရဲရင် လိုက်လာကြည့် ကျွန်တော်နဲ့တွေ့မယ် ...
ကျွန်တော့်အကြောင်းကို သိတယ်ဟုတ် "

ထိုတစ်ခွန်းသာပြောပြီး ထွက်သွားတဲ့ JongIn ကို KyungSoo က မကျေနပ်စွာကြည့်ရုံမှလွဲပီး ဘာမှလုပ်မလုပ်နိုင်၊

ဒီနေ့တစ်နေ့လုံး အခန်းထဲမှာပဲနေရမယ်ဆိုတဲ့ အတွေးနဲ့တင် KyungSoo ခေါင်းတွေမူးလာသည်။ ဖျားနေတဲ့အရှိန်ကြောင့် မျက်ရည်ပူတွေပါ ကျလာတော့ ဆေးတစ်လုံးသောက်ပြီး အိပ်လိုက်တော့၏။

×××

"ကဒ် ... ဒီနေ့ JongIn shi ရဲ့သရုပ်ဆောင်မှုတွေက တော်တော်ကောင်းတယ်နော်
ရိုက်ကူးရေးစတာ ၂ နာရီပဲရှိသေးတယ် 10 scenes လောက်ပြီးသွားပြီ ... နောက်ထပ် ရိုက်ဖို့ 2 scene ပဲလိုတော့တယ် "

ဒါရိုက်တာက JongIn ရဲ့ လက်မောင်းလေးကို ကိုင်ြပီး ချီးကျူးစကားဆိုတော့ ကျေးဇူးတင်စကားဆိုလိုက်သည်။

LOVE SCENARIO[Z×U]Where stories live. Discover now