Seventeen[Z×U]

638 120 13
                                    

"JongIn ဒီဟာက ဘာလဲ ... ငါ ဘာမှမသိလိုက်ရဘူး "

ဖုန်းကို ကိုင်ပြီးတော့ အံသြတကြီးမေးကာ ဝင်လာတဲ့ KyungSoo ကိုမြင်တော့ JongIn သက်ပြင်းချလိုက်သည်။

"ဒီသတင်းက ဘယ်လိုလုပ်ပြီးထွက်လာတာလဲ "
Dating news ဆိုတဲ့ ခေါင်းစဉ်နဲ့တက်လာခဲ့တဲ့ သတင်းကိုကြားကြားချင်း KyungSoo မှာ မယုံနိုင်ဖြစ်ခဲ့ရသည်။

SNS သိပ်သုံးလေ့မရှိတာကြောင့် ဒီသတင်းကို စီနီယာက ဖုန်းဆက်မှသိခဲ့ရတာ
အိပ်ရာနိုးနိုးချင်း သိခဲ့ရတာကြောင့် သူ့မှာ မျက်နှာတောင်မသစ်နိုင်။

"မျက်နှာမသစ်ရသေးဘူးမလား "

"စကားကိုမလွှဲနဲ့ ငါမေးတာသာဖြေ ...
ဒီဟာက ဘယ်လိုလုပ်ပြီးတက်လာတာလဲ ..ပြီးတော့ ဘာလို့ငြိမ်ခံနေတာလဲ.. မင်းဒ်ီလို ထိုင်နေလို့မရဘူး .. မြန်မြန်ဖြေရှင်းရမယ်"

သူ့လက်ကိုဆွဲပြီးတော့ ဖြေရှင်းဖို့အတွက် CEO ဆီသွားဖို့လုပ်နေတဲ့ KyungSoo ကို JongIn က တားလိုက်သည်။

"ဘာကိုဖြေရှင်းမှာလဲ"

"ဒီသတင်းက မဟုတ်တဲ့အကြောင်းကိုလေ "

"ဘယ်သူက မဟုတ်ဘူးလို့ပြောလဲ"

"ဒီဟာက သေချာ ... "

KyungSoo ရဲ့ လက်တွေဟာ ပြေကျသွားသည်။ အံ့သြတကြီးဖြစ်နေကဲ့ မျက်ဝန်းတွေက သူ့ကိုအားစိုက်ပြီး ကြည့်နေ၏။

မျက်လုံးထိခိုက်ထားမိတာကြောင့် သိပ်ပြီး စူးစိုက်ကြည့်လို့မရတာကို KyungSoo မေ့သွားသည်ထင်ရသည်။ JongIn က မျက်လုံးလေးကို ကာပေးဖို့လုပ်လိုက်တော့ လက်ကိုရိုက်ချလိုက်တာကြောင့် အံ့သြစွာဖြင့် KyungSoo ကို ကြည့်မိသည်။

"တကယ်လား . "

"ဘာကိုလဲ "

"ဒီသတင်းက တကယ်အမှန်ဆိုတာ ... "

" အင်း ... တကယ်"

သာမန်ထက်ပြတ်တဲ့ စကားတွေနဲ့မေးလိုက်တော့ JongIn က ခေါင်းငုံ့ပြီးပြောသည်။
ကြည့်ရတာ KyungSoo ကို အားနာနေပုံရသည်။

"ဘယ်တုန်းကလဲ "

"Hyung "

"ငါမေးတာကိုဖြေ"

LOVE SCENARIO[Z×U]Where stories live. Discover now