Two

1.9K 192 12
                                    

တွဲချုပ်ထားတဲ့ စာရွက်အထပ်လိုက်ကြီးကို မ လာပြီး ဧည့်ခန်းရှိစားပွဲပေါ်မှာ ပစ်ချလိုက်သည်။

ဇာတ်ညွှန်းက ၅ ခု ...

မျက်မှန်အဝိုင်းကို ပင့်တင်လိုက်ပြီး တစ်ခုခုသောက်ဖို့အတွက် ရေခဲသေတ္တာကို ဖွင့်လိုက်သည်။

ဘီယာတွေအများကြီးထဲကမှ ... အအေးတစ်ဗူးကိုသာ ထုတ်ယူလိုက်သည်။ ဇာတ်ညွှန်ူးရွေးရမယ့် အတွက်ကြောင့် သူမူးလို့မဖြစ်။

အအေးကိုဖောက်သောက်ရင်း sofa ပေါ်ထိုင်ကာ ဖောင်တိန်တစ်ချောင်းကိုင်ရင်း ပထမဆုံး ဇာတ်ညွှန်းရဲ့ ပထမစာမျက်နှာကို လှန်လိုက်သည်။

နာမည်က Secret Love

ဇာတ်ကားနာမည်ကို အရင်ဖတ်လိုက်ပြီး ကျန်သည့်အခန်ူးကိုဆက်ဖတ်လိုက်သည်။

×
×
×
×
×

အချိန်အားဖြင့် ၃ နာရီကြာသွားခဲ့ပြီ။ ဇာတ်ညွှန်းရွေးဖို့အတွက် ၃ နာရီလောက်ဖတ်ပြီး သူ့အကြိုက်ဖြစ်လောက်မည်ဆိုမှ ဇာတ်ကားရိုက်ဖို့လက်ခံရသည်။ ဒီတစ်ပုဒ်ကိုတော့ သူကြိုက်မည်မထင် ~

ဇာတ်လမ်းရဲ့ပုံစံက ချစ်နေတာကို ဖွင့်မပြောပဲမြိုသိပ်ထားတဲ့ ကောင်လေးရဲ့အချစ်အကြောင်း ~

JongIn ကိုသာ ဒါလေးရိုက်ပါလားဆိုပြီးသွားပြရင် .. ဆွဲမဖြဲလိုက်တာကံကောင်းပေလိမ့်မည်။ ဒီဇာတ်လမ်းမျိုးက သူ့ပုံစံမဟုတ်တာကြောင့် သူဘယ်တော့မှရိုက်မည်မဟုတ်။

KyungSoo ဒီ ဇာတ်ညွှန်ူးက်ုကြည့်ပြီး ခေါင်းတခါခါနဲ့ ဘေးနားမှာ ပစ်ထားလိုက်သည်။
ပြီးပြီးရောဆိုပြီးရွေးလို့မရ ... JongIn ဘယ်လောက်ကြေးများလည်းဆိုတာ သူအသိဆူံး ~

ဘေးနားက အအေးဗူးက်ုယူပြီး တစ်ငုံထပ်သောက်လိုက်သည်။
ဒီတစ်ခါ ဒုတိယ ဇာတ်ညွှန်း ~

နာမည်က - Tomorrow Never Dies

KyungSoo နာမည်လေးကို မြင်ပြီးစိတ်ဝင်စားသွားသည်။
ထို့ကြောင့် မျက်မှန်အမြန်တပ်လိုက်ပြီး တစ်လုံးချင်းစီ သေချာစွာဖတ်လိုက်မိသည်။

×
×
×
×
×

နောက်ထပ် ၃ နာရီကြာသွာဲး့ပြီပင်။ နာရီကိုကြည့်တော့ မနက် ၁ နာရီအတိ။ ဒီဇာတ်လမ်းလည်း မရွေးဖြစ်၊ သူသဘောကျပေမယ့်
JongIn သဘောကျမည်မဟုတ်တာကြောင့်မရွေးဖြစ်။
Romance တအားဆန်တဲ့ ဇာတ်လမ်းတွေဆို JongIn က မကြိုက်။

LOVE SCENARIO[Z×U]Where stories live. Discover now