Six[Z×U]

1.3K 131 6
                                    

"JongIn အနွေးထည်ကိုသေချာဝတ်ဦး အပြင်မှာအေးတယ်"

ဟိုတစ်ခါ နေမကောင်းဖြစ်ပြီးကထဲက JongIn ကို အရင်ကထက်ပိုပြီး စောင့်ရှောက်ပေးနေရသသည်။ JongIn ကတော့ အဲ့တာဖြစ်ပြီးတဲ့နောက်ပိုင်း သူ့ရဲ့စကားကိုကလန်ကဆန်မတိုက်တော့ ...

ဒါပေမယ့် အရင်လို ကိစ္စအားလုံးမှာ
သူမှသူမဖြစ်တော့ဘူးဆိုတာကို Kyungsoo ခံစားရသည်။ အရင်လို KyungSoo ကို ဂျစ်မတိုက်တော့သလို အရင်လိုလဲ KyungSoo ကို သူ့အနားမှာမနေခိုင်းတော့ ...

သိသိသာသာပဲ အဝေးမှာနေခိုင်းပြီးတော့ အရမ်းလိုအပ်မှသာ ခေါ်တော့သည်။

ရိုက်ကူးရေးရှိတိုင်း KyungSoo က အရိပ်အခြည်ကြည့်နေတဲ့သူမို့လို့ JongIn လိုအပ်လာမှာတွေကို အပြေးသွားပြီးပေးပေမယ့် အခြားသူဆီကပဲ ယူနေတဲ့ JongIn ကြောင့် KyungSoo မနေတတ်တော့ ...

အခုလဲ JongIn က photo shooting ရိုက်နေတာမို့လို့ KyungSoo က ရေဘူးလေးကိုင်ပြီး
JongIn မောလာရင် ပြေးတိုက်ဖို့ အဖုံးလေးပါဖွင့်ထားလိုက်သည်။

JongIn ရဲ့အကြောင်းကိုအသိဆုံးသူမို့လို့ JongIn ရဲ့ မျက်ဝန်းတွေဖျော့နေပြီး အရင်လိုမဟုတ်ဘူးဆိုတာကို KyungSoo ကရိပ်မိသည်။

"JongIn ရော့ ... ရေသောက်လိုက်ဦး "

Break ယူနေတဲ့အချိန်ရောက်တော့ JongIn နားကို အမြန်သွားပြီး ရေဘူးပေးလိုက်ပေမယ့်
KyungSoo လက်ထဲက ရေဘူးကိုမယူပဲ
သူ့လက်ထဲမှာ အသင့်ရှိနေတဲ့ ရေဘူးကိုပဲဖောက်သောက်လိုက်တာမို့လို့ KyungSoo အနည်းငယ် ဝမ်းနည်းမိသွားသည်။

"နောက်ငါ့ကို လာမခေါ်နဲ့ ... ငါမင်းမန်နေဂျာမလုပ်တော့ဘူး "

KyungSoo သူ့လက်ထဲကရေဘူးကို JongIn လက်ထဲအတင်းထိုးထည့်ပြီး စိတ်ထဲရှိသမျှအကုန်ပြောကာ Shooting ဆီကနေ ပြန်ထွက်လာခဲ့သည်။

"အစုတ်ပလုတ်ကောင် ... ရာရာစစ ငါ့ကိုဝမ်းနည်းအောင်လုပ်တယ် ... ကြည့်နေ ဘယ်တော့မှ မင်းမန်နေဂျာမလုပ်ဘူး "

Shooting ရှိတဲ့ဘက်ကို မျက်နှာမူပြီး
တစ်ရှူးရှူးတစ်ရှဲရှဲ ဖြစ်နေတဲ့ မျက်နှာနဲ့ဖြစ်နေတဲ့ KyungSoo ပုံစံက ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကိုတောင် Kyungsoo မသိတော့ ...

LOVE SCENARIO[Z×U]Where stories live. Discover now