Twenty Three [Z×U]

446 50 4
                                    

~မင်းသား Kim JongIn ရုပ်ရှင်ရုံတွင် ချိန်းတွေ့

မနက်စာစားနေတုန်း ထိုသတင်းတက်လာတာကြောင့် KyungSoo မှာ ပါးစပ်ထဲက ပေါင်မုန့်ကြက်ဥကြော်လေးတောင် နင်သွားရတော့၏။

အလန့်တကြားဖြင့် ထိုသတင်းအောက်က Comment တွေကိုဖတ်ကြည့်လိုက်တော့ သူ့မှာ ပို၍ပင်မျက်လုံးပြူးသွားရပြန်သည်။

"Wtf တကယ်ကြီးလား ... ငါဒါကိုမယုံနိုင်ဘူး "

"Omg သူ နောက်ဆုံးတော့ ချိန်းတွေ့ခဲ့ပြီပဲ "

"သွားပါပြီ ... ငါ့မင်းသားလေးကို နှမြောလိုက်တာ"

"ဒါနဲ့ ချိန်းတွေ့တဲ့သူက ဘယ်သူလို့ထင်ကြလဲ"

"ဘာလို့ မျက်နှာကို Blur ထားတာလဲ "

"ချစ်သူရဲ့ပုံစံက နည်းနည်းတစ်မျိုးဖြစ်နေသလိုပဲ "

"ဟုတ်သားပဲ ချစ်သူရဲ့ ခန္ဓာကိုယ်က ပြည့်ပြည့်လေးနော် "

"ဝါး ငါတို့ Oppa က သူ့ကိုတော်တော်ချစ်ပုံရမယ်နော် ... ကြည့်ပါလား မျက်နှာကပြုံးနေတာပဲ"

"ချစ်သူက  ပြည့်ပြည့်လေးဖြစ်နေပေမယ့် သူကတော်တော်ချစ်တာပဲနော် ... ငါချစ်သူဆို အမြဲတမ်း အစားလျှော့စားဖို့ပဲပြောတယ်။
သူကတော့ အစားလျှော့စရာမလိုတော့ ကောင်းလိုက်တာ ... JongIn က တကယ်ကို ယောက်ျားကောင်းပဲ "

"Oppa သာ ပျော်ရွှင်မယ်ဆိုရင် ငါကျေနပ်ပါတယ်"

"ချစ်သူက ဘယ်သူလဲ ... ငါ အရမ်းသိချင်တာပဲ "

Comment တွေက မကောင်းပြောထားတာ မရှိသလောက် ဆိုပေမယ့် သူ့ကို မိန်းကလေးလို့ထင်နေကြတာပင်။ ပုံထဲမှာက JongIn ရဲ့ ပြုံးနေတဲ့မျက်နှာကိုပဲ ပြထားပြီးတော့ KyungSoo ရဲ့ပုံကိုမပြထား။

အဲ့တာကြောင့် သူရဲ့ခပ်ပွပွဝတ်ထားတဲ့ အင်္ကျီတွေရယ်ကြောင့် ခန္ဓာကိုယ်ပြည့်တဲ့မိန်းကလေးလို့အထင်မှားနေကြတာပင်။ ဒါပေမယ့် ဒီလောက်ထိ ဘောင်းဘီရော အင်္ကျီရောက ယောက်ျားဝတ်တွေမှန်း သိသာနေတာကို ဘာကြောင့် မိန်းကလေးလို့ထင်နေကြတာလဲ ဆိုတာကို သူ့မှာ တွေးမရဖြစ်နေ၏။

"Hyung မောနင်း "

JongIn က သူ့ရဲ့ ပါးကိုနမ်းလိုက်ပြီးတော့ သူ့အတွက်ပြင်ပေးထားတဲ့ ပေါင်မုန့်ကြက်ဥကြော်နဲ့ ကော်ဖီကိုသောက်ဖို့အတွက် ခုံမှာဝင်ထိုင်လိုက်၏။

LOVE SCENARIO[Z×U]Where stories live. Discover now