Seven [Z×U]

1.1K 135 8
                                    

"JongIn စိတ်ဆိုးသွားတာလား "

"JongIn JongIn "

"JongIn Yah "

သူခေါ်နေတာကို တစ်ချက်လေးတောင်မတုံု့ပြန်တဲ့အပြင် lock ပါချထားတာမို့လို့ KyungSoo မှာ သက်ပြင်းလေးချကာ ဆက်ပြီးခေါ်နေလိုက်တယ် ...

"JongIn Yah. .. ငါ တောင်းပန်တယ်လေ
ဆောရီး ... ငါနားလည်မှုလွဲသွားတယ် ...
ငါက မင်းငါ့ကိုမလိုတော့ဘူးထင်လို့ပြောမိသွားတာပါ ... အမှန်ဆို ငါလဲမနေတတ်ဘူး ...
မင်းရဲ့ကိစ္စတွေအားလုံးကို မလုပ်ပေးပဲ မနေနိုင်ဘူး ... အဲ့တာကြောင့်မို့လို့ တောင်းပန်တယ်လေ ... "

"ဘယ်တုန်းကမှ ပင်ပန်းတယ်လို့မတွေးခဲ့ပါဘူး JongIn ရယ် "

KyungSoo ကလေသံအေးအေးလေးနဲ့ ဖြည်းဖြည်းချင်းစီပြောလိုက်တော့ "ချောက်"ဆိုတဲ့ အသံလေးထွက်လာသည်။

KyungSoo က ခပ်ဖွဖွလေးပြုံးလိုက်ပြီး အခန်းတံခါးလေးကို အသာလေးဖွင့်လိုက်တယ် ...

"ငါဝင်လာပြီနော် "

KyungSoo လဲဝင်လာရော JongIn ကုတင်ပေါ်မှာခြေချိတ်ထိုင်ပြီး လက်ပိုက်ထားသည်။
မသိရင် ဆရာက တပည့်ကိုရိုက်တော့မယ့် ပုံစံမျိုးနဲ့ ...

KyungSoo က တစ်ချက်ပြုံးပြလိုက်ပြီး JongIn ဆီကိုလျှောက်လာခဲ့တယ်
JongIn က အခုထိ စိတ်ဆိုးမပြေတဲ့ပုံစံနဲ့ KyungSoo ကို မျက်နှာလွှဲလိုက်သည်၊

"စိတ်ဆိုးမပြေသေးဘူးလား ... ငါတောင်းပန်တယ်လေ ... မှားသွားတယ်လို့ "

မျက်နှာလွှဲထားတဲ့
JongIn ရဲ့ အရှေ့ကိုသွားပြီး သူ့ကိုမကြည့်ကြည့်အောင် လုပ်နေတဲ့အတွက် နောက်ဆုံးတော့့ ဆူပုပ်ပုပ်နဲ့ သူ့ကိုကြည့်တော့၏။

"ဘာဖြစ်နေတာလဲဗျာ ... ကျွန်တော်တစ်ယောက်ထဲနေချင်တယ် သွားတော့ "

JongIn ရဲ့ စကားကိုကြားတော့ KyungSoo တိတ်တိတ်လေးခိုးရယ်မိတယ် ...

တစ်ယောက်ထဲနေချင်တယ်ဆိုတဲ့သူက Lock ကိုဖွင့်ပေးပြီးတော့ ဆူပုပ်ပုပ်နဲ့ထိုင်နေခဲ့တာတဲ့

တွေးလေလေ JongIn က ကလေးပေါက်စနဲ့တူလေမို့လို့ KyungSoo ကပဲ ရယ်တာကိုအရှိတ်သတ်လိုက်ပြီး JongIn ကို ဆက်ချော့နေလိုက်သည်။

LOVE SCENARIO[Z×U]Where stories live. Discover now