Twenty [Z×U]

552 95 2
                                    

" Hyung "

ဆေးရုံက ဆင်းဆင်းချင်း သူလုပ်ကျွေးတဲ့ Ramen ကို စားချင်တယ်ဆိုတဲ့အတွက်ကြောင့်
လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ပြီး
JongIn ရဲ့ တိုက်ခန်းကိုပဲ သွားလိုက်သည်။

Ramen လုပ်နေတုန်း အနောက်ကနေ "Hyung" ဆိုပြီး ချွဲတဲ့အသံနဲ့ ခေါ်လိုက်တာကြောင့် KyungSoo မှာ အနောက်ကိုလှည့်ကြည့်ရပြန်သည်။

"ဘာလဲ ... "

"မပြီးသေးဘူးလား"

Sofa ပေါ်မှာထိုင် ခေါင်းကိုနောက်ပြန်လှန်ပြီးတော့ နှုတ်ခမ်းတထော်ထော်နဲ့ မေးနေတဲ့ JongIn ကိုကြည့်ပြီး KyungSoo က မလွယ်ဘူး ဆိုတဲ့ သဘောနဲ့ ခေါင်းယမ်းမိသည်။

"ဘယ်ပြီးဦးမလဲ ... အခုမှလုပ်တာလေ "

"ကျွန်တော် ဗိုက်ဆာနေပြီ "

ဗိုက်ဆာနေပြီဆိုလို့ KyungSoo မှာ ခေါက်ဆွဲကို အမြန်ပြုတ်ထားလိုက်ရသည်။

"ခဏပဲစောင့် ခေါက်ဆွဲပြုတ်ပြီးတာနဲ့ ပြီးပြီ
ကျန်တာတွေက အဆင်သင့်ပြီ "

"ဒီနားကိုလာထိုင်"

JongIn နဲ့ မျက်နှာချင်းဆိုင်ထိုင်ဖို့လုပ်နေတုန်း
သူ့ဘေးနားကနေရာကို ပုတ်ပြပြီး လာထိုင်ဖို့ခေါ်နေတာကြောင့် KyungSoo မှာ သွားထိုင်လိုက်ရသည်။

"အ .. JongIn "

"ကျွန်တော်ပြောတာ ဒီနေရာ Hyung ရဲ့ "

ခန္ဓာကိုယ်ကို ဆွဲဖက်ပြီးတော့ သူ့ပေါင်ပေါ်တင်လိုက်တာကြောင့် KyungSoo မှာ ကြက်သီးတောင်ထသွားရသည်။

"ဖယ်ပါ ... မင်းညောင်းလိမ့်မယ် "

"မဖယ်ချင်ပါဘူး ... ဒီလိုလေး ခဏလေးနေမယ် "

ခါးမှာဖက်ထားတဲ့ လက်ကိုပိုတင်းကျပ်လိုက်ပြီးတော့ ပခုံးသားလေးကို တရှုံ့ရှုံ့လုပ်နေတဲ့ JongIn ကြောင့် KyungSoo မှာ မနေတတ်တော့ ~~

"ငါမနေတတ်ဘူး JongIn ရဲ့ ... "

KyungSoo က JongIn ဘက်ကိုလှည့်ပြီး ပြောလိုက်တော့ သူက နှုတ်ခမ်းလေးကို ဖြတ်ကနဲနမ်းလိုက်၏။ KyungSoo မျက်နှာဟာလဲ ချက်ချင်း ရဲသွားလျက် ~~~
သူ့ရဲ့ပေါင်ပေါ်မှာ ၅ မိနစ်လောက်ကြာတဲ့အထိ ထိုင်လိုက်သည်။

LOVE SCENARIO[Z×U]Where stories live. Discover now