"Hyung. .. ကျွန်တော် ဗိုက်ဆာတယ်"
အရင်က JongIn ဆီကနေ Hyung လို့ခေါ်တဲ့ အသံလေးကို ကြားချင်ခဲ့ပေမယ့် အခုတော့ Hyung ဆိုတာကို ပါးစပ်ဖျားကနေမချသည့်အတွက် KyungSoo မှာ မှားပြီထင်တယ်လို့ တွေးမိသည်။
"ခဏနေ နားတဲ့အခါ သွားစားကြမယ် "
"JongIn shi လာလို့ရပြီ"
ဒါရိုက်တာဆီကိုသွားပြီး ရိုက်ရမည့်အခန်းအတွက် သေချာပြင်ဆင်နေတဲ့ Jongin ကို သေချာကြည့်နေမိသည်။
ရိုက်ရမည့် Scene တွေက ပြီးသလောက်ရှိပြီမို့လို့ နောက် ၂ ရက်လောက်နေရင် ပြန်ရတော့မည်ပင်။ အစက ၁ ပတ်လောက်နေမှ ပြန်ရမယ်လို့ ထင်ထားခဲ့ပေမယ့် JongIn က scene တွေကို အမှားနည်းပြီးရိုက်နိုင်တာကြောင့် စောပြီးရခြင်းဖြစ်သည်။
ကျန်တဲ့အချိန်တွေမှာဆို ဗိုလ်လုပ်တတ်တဲ့ JongIn က သရုပ်ဆောင်တဲ့ အချိန်တွေဆိုရင် လုံးဝပြောင်းသွားတတ်၏။
JongIn နဲ့ မင်းသမီး နမ်းမလိုဖြစ်တဲ့အခန်းကိုရောက်တော့ KyungSoo မျက်ခုံးတွေ အလိုလိုတွန့်ကွေးသွားသည်။ သူ့ကိုယ်သူ ဘာဖြစ်နေမှန်းလဲသူမသိ။
အခုနောက်ပိုင်း သူ့ကိုယ်သူ စိတ်တိုလွယ်လာသည်ဟုထင်မိသည်။ ဥပမာ - JongIn ရဲ့ ဖက်တဲ့အခန်းတို့ Skin ship လုပ်ရတဲ့အခန်းတွေဆို သိသိသာသာကို ဒေါသထွက်တတ်သည်။
"ငါ ဘာဖြစ်နေတာလဲ "
~~~~~
နားချိန်ရောက်တော့ မလှမ်းမဝေးက ဆိုင်လေးမှာ အဆာပြေစားဖို့အတွက် သွားခဲ့ကြ၏။
"Jongin Latte ပဲသောက်မှာမလား "
"JongIn ya "
"ဟုတ်တယ် Hyung. .. နို့များများနော် "
JongIn ရဲ့အပြောကို သဘောတကျလေးရယ်ပြီးတော့ Latte နှစ်ခွက်မှာလိုက်သည်။
တစ်ခွက်ကတော့ နို့များများပေါ့။"ဒီဆိုင်က အမဲသားဘာဂါ ကောင်းတယ်လို့ပြောတယ် ... စားမလား "
"Omm စားမယ် "
ဖုန်းကိုလက်ကမချပဲ ဂိမ်းဆော့နေတဲ့ JongIn ကို ခေါင်းခေါက်လိုက်သည်။
"အ ... နာတယ်ဗျ "
နှုတ်ခမ်းကို ဆူထော်ပြီးတော့ ရန်တွေ့နေတဲ့ JongIn ရဲအလစ်မှာ သူ့လက်ထဲကဖုန်းကို KyungSoo ယူနိုင်ခဲ့သည်။
YOU ARE READING
LOVE SCENARIO[Z×U]
Fanfictionနောက်ဆုံး စာမျက်နှာလေးကို ကျော်လွန်ပြီးရင်တော့ ဖြည်းဖြည်းချင်းလိုက်ကာလေးကို ပိတ်လိုက်ပါ ... 📓Love Scenario📓 JongIn × KyungSoo Boy × Boy