My Son Or Boyfriend 1

37.8K 1K 50
                                    

Uni

'ဒိုင်း ဒိုင်း ဒိုင်း ' သေနက်သံသုံးချက်က တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ထိတ်လန့်စေသည်.....

ထိုင်ခုံပေါ်တွင် လက်နောက်ပြန်ကြိုးတုတ်ခံရသော လူသုံးယောက်မှာလဲ နှာဖူးတွင် သေနက်ကျည်အပေါက်ရာနှင့် သွေးများဖြင့်.....

"ငါ့ကိုသစ္စာဖောက်ရင် ဒီလိုပဲ အဆုံးသတ်ရလိမ့်မယ်!" အေးစက်ကာ တည်ငြိမ်နေသော အသံသြသြဖြစ်နေပင်မဲ့ ထိုအသံကို ကြားရသူတိုင်းကျောချမ်းစေမှာအမှန်ပင်။

"ဟုတ်ကဲ့!!!" Suit အပြည့်ဝတ်ဆင်ထားသော နောက်လိုက်များမှ အသံပြိုင်တူ ထွက်လာခြင်း ဖြစ်သည်။

လက်ထဲကသေနတ်ကို ဘေးရှိသူအားလှမ်းပေးလိုက်ပြီး အိတ်ထဲက ဆေးလိပ်ဘူးကိုထုတ်လိုက်သည်။ ထိုဆေးလိပ်ဘူးထဲက စီးကရက်ကိုထုတ်ပြီး နှုတ်ခမ်း၌တေ့လိုက်သည်။

ထိုချိန်နောက်တွင်ရှိသောသူတစ်ယောက်က မီးခြစ်ကိုအရန်သင့်ခြစ်ပေးသည်။ ဆေးလိပ်အား မီးဖွာရင်း ဆေးလိပ်ငွေ့တွေကို အားပြင်းပြင်း မှုတ်ထုတ်လိုက်သည်။

မိမိအမိန့်ကို မနာခံသောသူ၊ သစ္စာဖောက်သောသူများကို အပြစ်ပေးလေ့ရှိသောသူတစ်ယောက်။ ထိုသို့ အပြစ်ပေးတိုင်းလဲ ညှာတာခြင်းက ထိုလူ့တွင် မရှိခဲ့ဖူးပေ.......
______________

ကျောပိုးအိတ်လေးကိုလွယ်ကာ ခုန်ပေါက်ပြီး ကျောင်းဝင်းထဲပြေးလာသော ကောင်လေး....

ကျောင်းဝတ်စုံအဖြူလေးကို ပုဆိုးအစိမ်းလေးထဲထည့်ကာ ဝတ်ထားသည်။ ခုန်ပေါက်ကာဝင်လာတာကြောင့် အောက်ကလစ်ဟာသွားသော ခြေသလုံးဖြူဖြူလေးတွေက တကယ်ကို ဝင်းမွတ်နေသည်။

ကတီပါခြေညှပ်ဖိနပ်လေး အမဲလေးမှာ သွယ်လျှပြီးဖြူအုအုခြေချောင်းလေးတွေနဲ့ အတော်ကိုလိုက်ဖက်နေသည်။

"ကြယ်စင်!!!" လမ်းလျှောက်နေရင်း အနောက်မှ အသံပြဲကြီးနဲ့အော်ခံသံကြောင့် ကြယ်စင့်မှာ အနောက်သို့လှည့်ကြည့်လိုက်တော့ မိမိသူငယ်ချင်းပင်။

"နင် လေ အရွယ်ပဲရောက်နေပြီ ခုန်ပေါက်ပြီး ပြေးနေတုန်းပဲ နင့်ကိုနင် ကလေးများထင်နေလား" ကြယ်စင်၏ သြဝါဒများကြောင့် မျက်နှာလေးမဲ့ ရှုတ်သွားကာ....

My Son Or Boyfriend (Complete)Where stories live. Discover now