My son or boyfriend 24

6.2K 378 30
                                    

Uni

အသက်အရွယ်အားဖြင့် လပြည့်ဝန်း နဲ့ ဇေရဲမာန်က ကွာဟလွန်းသည်။ လပြည့်ဝန်း ၉တန်းကျောင်းသားအရွယ်မှာ ဇေရဲမာန်က အသက်၂၇နှစ်လေ.....

ငယ်ငယ်ရွယ်ရွယ်နဲ့ ဖခင်၏ သွန်သင်မှုကြောင့် ကျောက်သားမပါ မာကျောလာခဲ့ပြီး လူသတ်တာကိုလဲ သွေးအေးနိုင်ခဲ့လေသည်။

တစ်နေ့နဲ့တစ်နေ့ အလုပ်အပေါ် ခေါင်းစိုက်ခဲ့ရသော်လည်း အိမ်ပြန်ရောက်တိုင်း ကလေးမျက်နှာကို မြင်ရတာကြောင့် ပင်ပန်းမှုများပျောက်သွားလေသည်။

ခုလဲ လကုန်ရက်မို့ လူသိရှင်ကြားအလုပ်တွေသာမက မှောင်ခိုအလုပ်တွေရဲ့ စာရင်းတွေပါ လုပ်နေရသည်။ လက်မှတ်ထိုးစရာရှိတဲ့စာရွက်တွေကို လက်မှတ်ထိုးနေတုန်း....

"Hello. ...My son. ...Long time no see. .."
အခန်းတံခါးတောင်မခေါက်ပဲ ဝင်လာနိုင်သောသူမှာ အခြားတော့မဟုတ် ဇေရဲမာန် ၏ ဖခင် ဦးမာန်မိုးဟိန်း ပင်။

"ငါ့သားက မတွေ့ရတာကြာလို့လားမသိဘူး အရမ်းကိုသန့်ပြန့်ပြီး ခန်လာလိုက်တာ ဖအေအတိုင်းပဲ" ရုံးခန်းထဲက sofaပေါ်တွင်ထိုင်လိုက်ရင်း ဦးမာန်မိုးဟိန်း ပြောလိုက်သည်။

"ဒီတစ်ခေါက်ကကော ဘာကိစ္စလဲ..." ဖခင်ပြန်လာမည့်သတင်းကိုကြားသော်လဲ ဒီလောက်မြန်မြန်ကြီး ပြန်လာလိမ့်မယ်တော့ ဇေရဲမာန် မထင်မိ။

"အင်းးးဘယ်လိုပြောရမလဲ....အဖေက နိုင်ငံခြားအသားစားတာများပြီး အီလာလို့ မြန်မာပြည်အသား ပြောင်းစားချင်လာလို့"

ဦးမာန်မိုးဟိန်း ပြောသည့်စကားအဓိပ္ပါယ် ဆိုလိုရင်းကို ဇေရဲမာန် သိတာပေါ့။ သူ့ဖခင်က Play boy လေ ပြီးတော့ girl and boy အားလုံးကိုလဲ သူစားသည်လေ။

"ဒါဆိုလဲ သားကောင်သွားရှာပေါ့...ဒီကို ဘာကိစ္စရှိလို့လဲ"
"သားကလဲကွာ...စိမ်းကားလိုက်တာ။ အဖေတစ်ခါတစ်လေ ပြန်လာတာကို.....ပြီးတော့ သားတို့ အရင်အိမ်ကို ပြန်နေပါလား အဖေတို့အတူတူမနေရတာကြာပြီလေ"

ဒါဆို ဦးမာန်မိုးဟိန်း မှာ ဇေရဲမာန် ၏ အကြောင်းကို သိနှင့်ပြီးသားပဲ....

"စဥ်းစားကြည့်မယ်"
"သားကလဲကွာ......အဖေက ကိုယ့်သားမက်လေးကိုတော့ ကြည့်ချင်သေးတယ်ကွ....အဖေအိမ်မှာပဲစောင့်နေမယ်။ ညနေကျရင် ပြောင်းခဲ့ကြနော်...."

My Son Or Boyfriend (Complete)On viuen les histories. Descobreix ara