My son or boyfriend 28

5.7K 354 43
                                    

Uni

"ကိုကို...."

အဝတ်အစားလဲနေတုန်း အနောက်က မရဲတရဲအသံကြောင့် လှည့်ကြည့်လိုက်တာ သူ့ကလေးပင်။ လက်နှစ်ဖက်ကို ယှက်ထားကာ ခေါင်းကိုလဲ ငုံ့ထားသေး....

"ပြောလေ ကလေး"
"ကျွန်တော်..... အ...အပြင်သွားချင်လို့....ကြယ်စင်လဲပါတယ်"

"ခွင့်ပြုပေးရမယ်ဆိုပါတော့"
"ဟုတ်.... "

"ဒီအတိုင်းတော့ ဘယ်ရမလဲ လာဦး" ဇေရဲမာန် ခေါ်တာကြောင့် မရဲတရဲနဲ့ သူ့ရှေ့ကို ရောက်လာသည်။
"ကြယ်သီးတပ်ပေး"

ချက်ချင်းပဲ ကျန်နေသေးတဲ့ ကြယ်သီးတွေကို တပ်ပေးရှာသည်။
အရပ်ကွာတာကြောင့် ခေါင်းလေးကို ဇေရဲမာန် လှမ်းနမ်းလိုက်တော့ မော့ကြည့်လာသည်။

အကြည့်ချင်းစုံသွားသလို သူတို့နှစ်ဦးရဲ့ နှုတ်ခမ်းများမှာလဲ သိပ်မကွာလှ။ သမာဓိအားတွေ အရမ်းကောင်းလွန်းလှသော ဇေရဲမာန် ကတော့ ခုအခြေအနေကို လက်လွှတ်ဖို့ ဝေးလေစွ....

ထိကပ်လိုက်သော နှုတ်ခမ်းသားများက ရမ္မက်မဆန်ဘဲ နူးညံ့လှသည်။ ခုမှသွားတိုက်ပြီးကာစမို့ သွားတိုက်ဆေးရဲ့ ပူရှိန်းအရသာလေးက ဇေရဲမာန် ရဲ့ လျှာဖျားပေါ်တွင် နေရာယူနေသည့်အလား။

ရုန်းကန်ခြင်းမရှိဘဲ အလိုက်သင့်လေး စီးမျောနေသော လပြည့်ဝန်း ကြောင့် ဇေရဲမာန် ပိုလို့တောင် မလွှတ်ပေးချင်မိ။

တုန်ခါနေသော ဖုန်းအသံကိုလဲ ဂရုမစိုက် အနမ်းကိုပဲဆက်လက်ကူးလူးနေမိသည်။ လက်သီးစုပ်သေးသေးလေးတွေနဲ့ ရင်ဘက်ကိုထုတော့မှ လွှတ်ပေးသည်။

"ဖုန်းလာနေတယ်"
ဥက္ကာဆက်မှန်းသိတာကြောင့် ဇေရဲမာန် စိတ်ထဲကျိန်ဆဲမိသွားသည်။

"အေးပြော"
📱.....📱

"ဒါဆို ငါကိုယ်တိုင်ရှင်းမယ်...အဲ့မှာပဲစောင့်နေ"
ဖုန်းချကာ ကလေးကိုကြည့်လိုက်တော့ သူ့အားခွင့်ပန်နေသော အကြည့်များဖြင့်။

"Ok. ..သွား...နောက်မကျစေနဲ့"
"ဟုတ်...ဟုတ်...စိတ်ချ"

ရေချိုးခန်းထဲ လှစ်ခနဲ ပြန်ဝင်သွားသူကိုကြည့်ရင်း ဇေရဲမာန် ပြုံးမိသည်။ အချိန်လဲမရှိတော့တာကြောင့် မနက်စာတောင် မစားနိုင်တော့ဘဲ ပြဿနာရှင်းရမည်ဆီသို့သာ အလောတကြီး ထွက်သွားရတော့သည်။
.
.
.
"လပြည့်"
"ဟင်...Jelly ဒီရောက်နေတာပဲ"

My Son Or Boyfriend (Complete)Where stories live. Discover now