My son or boyfriend 42

5.9K 316 40
                                    

Uni

မူးဝေနေသော ခေါင်းကို ကိုင်လိုက်ပြီး နိုးလာသော လပြည့်ဝန်း....
ဘေးပတ်လည်ကိုကြည့်လိုက်တော့ သူကခုကားထဲမှာပင်။

"ဟင်...ဘယ်ရောက်နေတာလဲ..."

ကားပေါ်တွင်ရှိနေသေးပြီး ဘေးမှာမည်သူမှမရှိ အပြင်ဘက်ကိုကြည့်လိုက်တော့ အနည်းငယ်မှောင်နေလေသည်။

"ဘယ်ရောက်ကုန်ကြတာလဲ...ကိုကိုကော.... ဟုတ်တယ် ကိုကိုဒဏ်ရာရထားတယ်တဲ့..." လပြည့်ရဲ့စိုးရိမ်စိတ်က ကြောက်စိတ်ကို ဖုံးလွှမ်းသွားတာကြောင့် အန္တရာယ်ရှိတာမရှိတာ သူမသိတော့....

ကားတံခါးကိုဖွင့်ကာ ဆင်းလိုက်မိသည်။

လမ်းမီးတိုင်တွေရဲ့အကူအညီကြောင့်သာ လင်းသယောင်ယောင်တော့ ရှိသည်။
"ကိုကို...." စိတ်ထဲအလိုလိုတမ်းတမိပြီး နှုတ်ကနေရေရွတ်မိပြန်သည်။

'တင်း....' လပြည့်ဝန်း မတ်တပ်ရပ်နေတဲ့ခြေထောက်နားက မီးထလင်းလာသည်။ မြှားပုံစံမီးလေးလဲ လင်းနေလေသည်။

'walk with me' ဆိုတဲ့စာသားလေးကလဲ မြှားလေးအပေါ်မှာရေးထားသည်။

'တင်း...' မြေပြင်ပေါ်တွင် ထိုနည်းတူ မြှားလေးကရှေ့တွင် ထက်ပေါ်လာပြန်လေသည်။

လပြည့်ဝန်း ကြောင်သွားပြီး ထိုမြှားလေးအတိုင်း ၃မိနစ်လောက်လျှောက်လာတော့ ခြံဝင်းကြီးတစ်ခုရှေ့ရောက်သွားသည်။

ခြံတံခါးကြီးလဲပွင့်နေပြီး လုံးဝမှောင်မဲနေသည်။ ဘာအကြောင်းကြောင့်ရယ် မပြောတတ်ပင်မဲ့ ခုချိန်မှာ လပြည့်ဝန်း စိတ်ထဲကြောက်စိတ်လုံးဝရှိမနေ....

အထဲတွင် သူ့အားနွေးထွေးစေသော အခိုးအငွေ့များ ထုတ်လွှတ်နေသည့်အလား။

လပြည့်ဝန်း ခြံဝန်းရှေ့မှာရပ်လိုက်တော့ အထဲတွင် ဂီတာ သံလေးက ပျံ့လွင့်လာလေသည်။

🎸🎸🎸🎸🎸🎸
🎼🎼🎼🎼🎼🎼🎼🎼
🎤🎤🎤ရင်ခုန်အောင် ပြုံးမပြနဲ့ ချစ်ဆုံးရေ... သူများတွေ... ရင်ထဲမှာ အချစ်ရိပ်ကလေး မသန်းစေချင်ဘူးးးး
သဝန်တိုနေတာ မဟုတ်ဘူးကွာ ဒီလိုအပြုံးကြောင့် ချစ်လာခဲ့တာ အချစ်ဆုံးမျက်လုံးလေးက ဆွဲအားပိုနေလို့...ပါ.........

My Son Or Boyfriend (Complete)Where stories live. Discover now