Uni
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်~~~~
Luggage ကိုကိုင်ကာ မကြာခင် ထွက်ခွာတော့မဲ့ လေယာဥ်ကိုစောင့်စားနေသူ....
ထိုလူ့ရင်ထဲ ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ.....
"အစ်ကို.." ပုခုံးကိုကိုင်ကာ ခေါ်လိုက်တာကြောင့် လွန်းထက်သာ လှည့်ကြည့်လိုက်တော့....
"ဟင်...ထူးစစ်သော်... "
"အစ်ကို ကျွန်တော့်ကိုတောင် နောက်ဆုံးအနေနဲ့ လာမနှုတ်ဆက်ဘူးနော်""တောင်းပန်ပါတယ် ကွာ...ကိုယ် ဒီကနေ အမြန်ထွက်သွားချင်နေတဲ့စိတ်ကြောင့် ကိုယ့်မေ့သွားတယ်"
'မေ့သွားတယ် ' ဆိုတဲ့စကားက ထူးစစ်သော်ကို ဝမ်းနည်းစေသည်။ ဒါပင်မဲ့ သူ့မှာ ဘာမှပြောပိုင်ခွင့်မရှိဘူးလေ...သူက အမေ့ခံလူသားဖြစ်နေတာပဲ....
"မဟုတ်တာ... ရပါတယ်...ဒါနဲ့လေ...ဟိုရောက်ရင် ကျွန်တော့်ကို အဆက်အသွယ် တော့ မဖြတ်ဘူးမှတ်လား"
ထူးစစ်သော်ရဲ့ ဒီစကားက အရဲစွန့်ကာ မျှော်လင့်ချက်နဲ့ ပြောလိုက်ပင်မဲ့ တစ်ဖက်က ဘယ်လိုပြန်ပြောမလဲဆိုတာ သူနားထောင် ဖို့ မရဲ....."ရပါတယ်...ကိုယ်အဆက်အသွယ်မဖြတ်ပါဘူး..."
ခုမှ ထူးစစ်သော် သတ်ပြင်းချရပြန်သည်။"ဒါဆို ကိုယ်သွားပြီ"
"ဟုတ်ကဲ့....ကောင်းကောင်းသွားပါ..."luggage လေးဆွဲကာ ထွက်သွားသော ကျောပြင်ကိုကြည့်ရင်း ထူးစစ်သော် ဝမ်းနည်းစိတ်လှိုက်တတ်လာပြန်သည်။
သူလဲကျောပေးကာ ထိုနေရာမှ ထွက်လာလိုက်သည်။ အမှန်ဆို သူ့ရင်ထဲက ဝမ်းနည်းမျက်ရည်ကို မြင်မှာဆိုး၍ ကျောခိုင်းလိုက်သည်ဆို ပိုမှန်လိမ့်မည်။
ဘယ်အရာက သူ့အားဆွဲဆောင်နေလဲမသိ ရှေ့သွားနေရင်း အနောက်သို့ အလိုလို ပြန်လှည့်ကြည့်မိသော လွန်းထက်သာ.....
ထူးစစ်သော် ရဲ့ ကျောပြင်ကိုကြည့်ရင်း ဘာလို့ သူငိုနေတယ်လို့ ထင်နေရတာလဲ မပြောတတ်....တစ်ချက်ချက် သိမ့်တုန်သွားသော ကိုယ်လေးကိုတွေ့သော်လဲ မိမိစိတ်အထင်ပဲဟုမှတ်ကာ ထွက်လာလိုက်သည်။
YOU ARE READING
My Son Or Boyfriend (Complete)
General FictionUni ကလေးနဲ့ကိုယ့်ကြားမှာ တားဆီးတာမှန်သမျှကို အကုန်ရှင်းပြစ်ဖို့ ဝန်မလေးဘူး။ ကိုယ်က မနူးညံ့တတ်ဘူး...ဒါပင်မဲ့ ကလေးကိုချစ်တဲ့အချစ်ကတော့ အဆုံးမဲ့ပါ...... Zaw ကလေးနဲ့ကိုယ့်ကြားမှာ တားဆီးတာမှန်သမျှကို အကုန်ရှင်းပြစ်ဖို့ ဝန်မလေးဘူး။ ကိုယ်က မနူးညံ့တတ်ဘူး...