My son or boyfriend 29

5.6K 362 70
                                    

Uni

"လပြည့်ဝန်း! !!" ခပ်သြသြအသံနှင့် ခေါ်သံကြောင့် နှစ်ယောက်လုံးလန့်သွားကာ လှည့်ကြည့်လိုက်တော့..

"ကိုကို.."
"လာစမ်း!!" လက်ကောက်ဝတ်ကနေ စောင့်ဆွဲခံရတာကြောင့် နာသွားပင်မဲ့ ခုချိန်မှာ ဒါကိုအာရုံမစိုက်အား။

"ကိုကို မဟုတ်ဘူး"
"တိတ်စမ်း!!!"

"ဒီမှာ ကျွန်တော်ရှင်းပြပါ့မယ်"
"မင်းလဲတော်!!"

ဘေးနားကလူတွေကလဲ ကြည့်နေကြပြီမို့ လပြည့်ဝန်း ရှက်လာသည်။
"အခုလိုက်ခဲ့စမ်း လပြည့်ဝန်း! !" ဆွဲကာ ခေါ်သွားတာကို လပြည့်ဝန်း ရုန်းမိသည်။ သို့သော် နီမြန်းလာသော လက်ကောက်ဝတ်သာအဖက်တင်သည်။

မြဲမြံလှသောလက်တွေကြောင့် လပြည့်ဝန်း နာကျင်လှသည်။ ကားပေါ်ဆွဲတင်ကာ အကြမ်းပတမ်းမောင်းထွက်သွားသော ကားကိုကြည့်ရင်း လွန်းထက်သာစိတ်ပူသွားသည်။

ကြယ်စင်နဲ့ Jellyမှာတော့ လပြည့်ဝန်း ကို မမှီလိုက်တော့....

တိတ်ဆိတ်နေသောကားပေါ်တွင် ကားအပြင်ကိုသာကြည့်ရင်း လပြည့်ဝန်း ငိုနေမိသည်။ နာသွားသော လက်ကောက်ဝတ်ကို ပွတ်သတ်ကာ နာတာပျောက်အောင်လုပ်နေမိသည်။

ကားမောင်းနေသော ဥက္ကာမှာ ကားအနောက်ခန်းက အခြေအနေကို သိသော်လဲ သူလဲ ဝင်ကူမပြောရဲခဲ့။

"ဥက္ကာ အလုပ်ရုံကိုမောင်း"
"ဗျာ...ဟို...Boss"

"လျှာမရှည်နဲ့!" ထိတ်လန့်သွားသော ဥက္ကာကြောင့် လပြည့်ဝန်း ပိုလို့ကြောက်လာမိသည်။

"အု...အွန့်....အွန်းးး" လပြည့်ဝန်း လည်ဂုတ်ကိုကိုင်ကာ အကြမ်းပရမ်းနမ်းလာကြောင့် လန့်ဖြန့်သွားသည်။

ရင်ဘက်တွေကို အားကုန်ထုရိုက်သော်လဲ လွှတ်မပေး...
တဖြည်းဖြည်း ကြာလာတော့ အသက်ရှူဖို့ ခတ်ခဲလာပြီး နှုတ်ခမ်းတစ်ခုလုံးလဲ ထူပူနေလေပြီ....

ခတ်တာက လွှတ်ပေးဖို့နေနေသာသာ ပိုတိုးကာ နမ်းနေလေသည်။

ကားရပ်လိုက်တော့မှ နမ်းနေတာကိုရပ်လိုက်ပြီး လက်ကနေကိုင်ကာ ကားပေါ်က ဆွဲထုတ်ခံရပြန်သည်။

My Son Or Boyfriend (Complete)Where stories live. Discover now