My son or boyfriend 6

9.5K 552 39
                                    

Uni

(((("ရဲမှူး....ဒီမှာ ဆေးစစ်ထားတဲ့ မှတ်တမ်းတွေရပါပြီ" ထက်ပိုင်ပေးသော Fileကို ထူးစစ်သော် ယူလိုက်ကာ ကြည့်မိတော့...

"ဘာ!!! လက်ဗွေရာမရှိဘူး..."
"ဟုတ်...ဟုတ်ကဲ့..." ထက်ပိုင်မှာ ဒေါသမထွက်ဖူးသော ရဲမှူး ထူးစစ်သော် ကြောင့် အနည်းငယ် လန့်သွားသည်။

"ဖိနပ်ရာတောင်မရှိရအောင် ဒီကောင်က ဘယ်လိုသတ်သွားတာလဲ...ခဏ...ငါဆေးမှူးနဲ့ ခုသွားတွေ့မယ်" ကပြာကယာပြေးထွက်သွားသော ထူးစစ်သော် နောက်ကို ထက်ပိုင်အပြေးလိုက်ရတော့သည်။
.
.
.
"ဒါဆို အကုန်လုံးကို သေချာရှင်းလင်းသွားတာပေါ့"

"80% ကတော့ သေချာသလောက်ပါပဲ...သတ်တဲ့သူကလဲ တော်တော် ဥာဏ်ပြေးတယ်။ အားလုံးကိုသေချာရှင်းလင်းသွားတာ။ သေသွားတဲ့သူ၅ယောက်လုံးနဲ့ပတ်တာလွဲလို့ ကျန်တာဘာတစ်ခုမှ မတွေ့ရဘူး" ဆေးမှူးပြောသောစကားများကြောင့် ထူးစစ်သော် အတော်အကြပ်ရိုက်သွားသည်။ အခင်းဖြစ်တဲ့နေရာတွေကလဲ ​CCTVကြည့်ရအောင် မြို့ပြင် ဂိုထောင်ဖြစ်တာကြောင့် ဘယ်လိုမှအဆင်မပြေခဲ့။))))
.
.
ငူငိုင်နေသော ရဲမှူးပုံစံကြောင့် အရင်ကဖြစ်ခဲ့တဲ့ ၅လောင်းပြိုင်ကိုတွေးရင်း အခဲမကြေထက်ဖြစ်နေမှန်းသိသည်။

ဒီစခန်းကိုစပြောင်းလာချင်းပဲ ထိုအမှုဖြစ်တယ်။ ပြီးတော့ ဘာသက်သေမှမရှိတာကြောင့် အမှုပိတ်သိမ်းလိုက်ရတယ်။

ဒီအမှုမှာ သူတို့သိလိုက်ရတာက သေသွားသောသူ၅ယောက်က ဆေးသမား၊ ဒုစရိုက်သမားတွေပဲဆိုတာ သိရတယ်။ အနည်းဆုံးတော့ ရဲမှူးလဲခံပြင်းနေမှာပေါ့.....

"ရဲမှူး အမြဲတမ်းလဲ တွေးမနေပါနဲ့ဗျာ...ဒါက ရဲမှူးအပြစ်မှမဟုတ်တာ..." ထက်ပိုင် နှစ်သိမ့်နေသောစကားများကို ကြားသော်လဲ ထူးစစ်သော် ဘယ်လိုမှ မကျေအေးနိုင်။

ထိုချိန် ရုံးဖုန်းလာတာကြောင့် ထက်ပိုင်ကပဲကိုင်လိုက်ကာ....
". ..."
"ဟုတ်ပြီ.."

"ခုလာခဲ့မယ်.." ph ချလိုက်ကာ ထက်ပိုင် ထူးစစ်သော် ဘက်လှည့်ပြီး

"ရဲမှူး...ဆေးတွေကို ကုန်တင်ကား၂စီးနဲ့မိထားပါတယ်။ ကားသမားနှစ်ယောက်လုံးလဲ မိထားတယ်တဲ့..."

My Son Or Boyfriend (Complete)Where stories live. Discover now