My son or boyfriend 19

7.2K 429 36
                                    

Uni

"ဒါငါ့တပည့် ရဲမှူးထူးစစ်သော် ပဲ....ဒါက ဆရာ့ သူငယ်ချင်း မိတ်ဆွေ လွန်းထက်သာ... "
""တွေ့ရတာ ဝမ်းသာပါတယ်.. "" နှစ်ယောက်လုံးဆီမှာ အသံတစ်ပြိုင်ထဲထွက်လာပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တော့.....

"မင်း...ကို" လွန်းထက်သာ မှာ လက်ညှိုးတထိုးထိုးနဲ့ ပြောတော့မည်ကို ပိတ်လိုက်သူက ထူးစစ်သော်...
"ဆရာ ဘာပြောစရာရှိလို့ပါလဲ"

"သြော်...ဒီလိုပါ ဆရာသူငယ်ချင်းက သူစုံစမ်းစရာ ကိစ္စလေးတွေရှိတယ်။ အဲ့တာ မင်းအနေနဲ့ လိုက်ပြီး ကူညီပေးဖို့ပါ။"
"ဟုတ်ကဲ့ ဆရာ...."

လွန်းထက်သာ  မှာ ဒီကောင်လေး ကို မြင်ဖူးသလိုရှိနေတယ်။ စဥ်းစားလို့လဲ ထွက်မလာခဲ့ဘူး။

ထူးစစ်သော် လဲ စကားလမ်းကြောင်းကို လွှဲနိုင်သလောက်လွှဲနေရသည်။ သူကောင်းကောင်းမှတ်မိတာပေါ့။ သူကိုယ်တိုင်ရန်ထောင်ထားတဲ့သူလေ......
___________________

"ကျွန်တော်ကျောင်းပြန်တတ်တော့မယ်"
Laptop နဲ့ အလုပ်ရှုပ်နေသော ဇေရဲမာန် ကို ဆူအောင့်အောင့်နဲ့ လပြည့်ဝန်း ပြောခြင်းဖြစ်သည်။

Keyboardရိုက်နေသော ဇေရဲမာန် လက်များ ရပ်တန့်သွားပြီး လပြည့်ဝန်း ကိုကြည့်လိုက်သည်။ ပြီးတော့ ဂရုမစိုက်သလိုပင် အလုပ်သာဆက်လုပ်နေလေသည်။

လပြည့်ဝန်း မှာ သူပြောတာကို ကြားရဲ့သားနဲ အဖြေစကားမပြောသောကြောင့် ဒေါပွလာသည်။ ဒီအိမ်ကိုရောက်တာ လပြည့်ဝန်း တို့ တစ်ပတ်ပြည့်တော့မည်။ ကျောင်းလဲ ပျက်ထားတာကြောင့် စာတွေလဲ နောက်ကျနေမှာ အမှန်ပင်။

"ကိုဇေရဲမာန်... ကျွန်တော်ပြောနေတယ်လေ"
နာမည်အပြည့်အစုံကို ခေါ်ခံလိုက်ရတာကြောင့် laptop ကို အသံမြည်အောင် ပိတ်ချလိုက်ကာ စားပွဲပေါ်တင်လိုက်သည်။

"ကလေး ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်။"
"ကို..ဇေ..ရဲ..မာန်.." ဘယ်ကနေရလာသော သတ္တိတွေလဲ လပြည့်ဝန်း ကိုယ်တိုင်တောင်မသိ။ သူသိတာကာ ခု မိမိတော်တော် ဒေါသထွက်နေတာပင်။

"ပြန်ခေါ်စမ်း!!"
"ကိုဇေ..အွင်းး..." လပြည့်ဝန်း ရဲ့နှုတ်ခမ်းတွေကို ဇေရဲမာန် အကြမ်းပတမ်း ပိတ်ချလိုက်သည်။

My Son Or Boyfriend (Complete)Where stories live. Discover now