My son or boyfriend 38

6.4K 351 52
                                    

Uni

ကြယ်စင့်မှာ ကြားသာကြားတာ သူ့နားသူမယုံနိုင်။ တစ်ဖက်က ငိုနေတဲ့ သူငယ်ချင်းဖြစ်သူ စိတ်သက်သာဖို့ သူ့မှာ မနည်းပြောနေရသည်။
"မငိုပါနဲ့ လပြည့်ရယ်။ ဦးလေးက နင့်အဖေအရင်းမဟုတ်လဲ... နင့်ကိုအများကြီးချစ်တာ ငါအသိပဲလေဟာ..."

"ဒါ...ဒါပင်မဲ့...ဖေဖေက ဟင့်...ငါ့ဖေဖေအရင်းမဟုတ်ဘူး။ ဒါ...ဆို....ငါက ဟင့် လောကကြီးမှာ တစ်ကောင်ကြွက်ပေါ့"

"နင်ဘာတွေတွေးနေတာလဲ မငိုစမ်းပါနဲ့ဟာ။ ဘာလို့တစ်ကောင်ကြွက်ဖြစ်ရမှာလဲ..နင့်ကို ချစ်တဲ့သူတွေမှပေါလို့။"
"ဒါပင်မဲ့"

"တော်တန်တိတ်!! နင့်ကိုကိုက နင့်ကိုချစ်တာလဲ အသိသာကြီး....သူနင့်ကို တော်တော် စိတ်ပူနေတယ်...ခုလဲကြည့် ငါ့ကိုခေါ်ပြီး အဖော်ပြုပေးဖို့ လာခေါ်တယ်။ ပြီးတော့ အပြင်မှာစောင့်နေတယ်။ တစ်ခုခုစားလိုက်ပါဟာ"

"ငါမစားချင်ဘူး"
"မစားပဲမနေနဲ့လေ နင့်ကျန်းမာရေးထိခိုက်မှာပေါ့"

"ငါ...ဟင့်...ဘယ်လိုလုပ် စားလို့ ဝင်မှာလဲ"
"ငါသိပါတယ်။ ဒါပင်မဲ့ နင့်ကိုချစ်တဲ့သူတွေကိုလဲ တစ်ချက်ကြည့်ပါဦး...သူတို့ နင့်ကို ဘယ်လောက်စိတ်ပူနေမလဲ...."

ကြယ်စင်ရွှန်းလဲ့ စကား​ကြောင့် လပြည့်ဝန်း မျက်လုံးထဲ ကိုကိုနဲ့ ဖေဖေ့မျက်နှာတွေပေါ်လာလေသည်။

"ကလေး...ကိုယ်ဝင်လာပြီနော်" တံခါးဖွင့်ကာ အခန်းထဲဝင်လာသော ဇေရဲမာန်....
"ကလေး ထမင်းစားရအောင် အောက်မှာအဆင်သင့်ဖြစ်နေပြီ..."

"မစားချင်ဘူး"
"အဲ့လိုမလုပ်ပါနဲ့ကွာ...ကိုယ်စိတ်ပူပြီး သေတာမြင်ချင်တာလားပြော"

ကုတင်စွန်းနောက်တစ်ဖက်တွင် ဇေရဲမာန် ဝင်ထိုင်လိုက်လေသည်။ ပြီးမှ ပါးလေးတစ်ဖက်ကို တယုတယကိုင်ကာ...
"ကလေး အားမငယ်နဲ့နော်။ ကိုယ်က ကလေးအတွက် အမြဲရှိနေပေးမဲ့ လူသားလေ။ ခုတော့ အောက်မှ ထမင်းစားဖို့ အားလုံးကစောင့်နေကြတယ်။ ကလေးမဆင်းလာသေးတော့ ဘယ်သူမှမစားကြဘူး"

တွေးဆဆဖြစ်နေသော လပြည့်ဝန်း....

"ငါတို့အောက်မှာစောင့်နေမယ်နော်....ခဏနေဆင်းလာခဲ့ ဒါပဲ" ကြယ်စင်ရွှန်းလဲ့ မှာ အလိုက်သိစွာပဲ အခန်းထဲက ထွက်သွားပေးသည်။

My Son Or Boyfriend (Complete)Where stories live. Discover now