My son or boyfriend 32

5.7K 348 72
                                    

Uni

"ဘာ!!!" ဆူးရှလှသောအသံကြောင့် ရှေ့က ဧည့်သည်တွေပါ ထိတ်လန့်ကုန်သည်။

"အခုချက်ချင်း တွေ့အောင်ရှာကြ!!! မတွေ့လို့ကတော့ အကုန်အသေပဲ"

ဥက္ကာမှာ သတွေးသာမြိုချနေရသည်။ အစောင့်က သူ့ဆီphဆက်ပြီးပြောလို့ bossအား နား နားကပ်ကာပြောပင်မဲ့ ဒေါသအလွန်ထွက်သွားသော Bossမှာတော့ ဘာမှမြင်တော့မည့်ပုံမပေါ်။

သေချာတာကတော့ ဆိုးရွားတာတစ်ခုခုဖြစ်တော့မည်ဆိုတာပင်။ အစောင့်ကောင်လေးအတွက်တော့ ကြိုပြီး သာဓုခေါ်ပါရစေ....

'ခွပ်....ခွပ်.....ခွပ်'
"ပြော...ဘယ်မှာလဲ ငါ့ကလေး ဘယ်မှာလဲ ငါ့ကလေးလို့!!!!"

အစောင့်အား အပေါ်မှတတ်ခွကာ စိတ်ကြိုက်ထိုးနှက်နေသော ဇေရဲမာန်....
အောက်က အစောင့်မှာလဲ မျက်နှာမှာ ရစရာပင်မရှိ။

ကော်လံစကိုဆွဲကာ ဒေါသတကြီးပြောနေသော Bossကြောင့် အစောင့်မှာ သေသာသေလိုက်ချင်သည်။ Bossလက်နဲ့တော့ မသေချင် ဘာလို့ဆို သူ့အတွက် ထွက်သက်က အစဥ်မချောမှန်းသိပေလို့....

"တောင်း.... တောင်း...ပန်ပါတယ်... Boss"
"သိပ်...ကို...နောက်ကျသွားပြီ"

Bossရဲ့မျက်လုံးတွေမှာ နီရဲနေကာ နတ်ဆိုးတစ်ယောက်အလား...

"အဲ့အကောင်ကိုချုပ်ထား မသေစေနဲ့ ငါ့လက်နဲ့ကိုယ်တိုင်သတ်မှာ"
ဘေးကလူတွေမှာ အစောင့်ကို တစ်ရွက်တိုင်ဆွဲခေါ်ပြီး အခန်းထဲက ထွက်သွားရသည်။

"Boss. ..CCTVမှာ ကျွန်တော်တို့ ထားခဲ့တဲ့ အစောင့်ကလွဲပြီး နောက်ထပ်ရောက်လာတဲ့လူနှစ်ယောက်ရဲ့ မျက်နှာကို မမြင်ရပါဘူး။

Car Parking မှာတော့ ကိုလေးကို တင်ခေါ်သွားတဲ့ကားကိုတော့ CCTVကနေ ရိုက်မိထားတယ်"

"ပြစမ်းးးး"

ကားအနက်တစ်စီးအပေါ်မှာ ကလေးကိုတင်ခေါ်သွားသည်။ ကားနံပါတ်ကိုကြည့်လိုက်တော့ သီးသန့်ထုတ်ယူထားတဲ့ကားနံပါတ်ပင်။

ဇေရဲမာန် သိလိုက်ပြီ ဒါဘယ်သူ့လက်ချက်လဲဆိုတာ..
ဒီလိုကားမျိုးကို သဲလွန်စချန်ပြီး စီးပြမှတော့ လုပ်သူကလဲ သူမှန်းသိစေချင်နေတာ အသိသာကြီးပင်။

My Son Or Boyfriend (Complete)Where stories live. Discover now