My Son Or Boyfriend 2

15.1K 708 58
                                    

Uni

ကိစ္စရှိ၍ အမေ့သူငယ်ချင်းအိမ်ကို ကားမောင်းပို့ပေးရသည်။ အိမ်ထဲလဲမဝင်ချင်တာနဲ့ ကားထဲမှာသာ ထိုင်စောင့်ရင်း phoneသုံးနေလိုက်သည်။ ညနေကျောင်းဆင်းချိန် ဖြစ်တာကြောင့် မလှမ်းမကမ်းက ကျောင်းမှ ကျောင်းသားတွေလဲ အိမ်ကိုကိုယ်စီပြန်နေပြီ။

ဘာရယ်မဟုတ်ပင်မဲ့ ပျင်းပျင်းနဲ့ ကျောင်းသားတွေကိုကြည့်နေမိသည်။ ကျောင်းသားအားလုံးရှင်းသော်လဲ ကောင်လေးတစ်ယောက်မှာ မတ်တပ်ရပ်စဲပင်။

သေချာကြည့်တော့ ထိုကောင်လေးက ချစ်စကောင်းတာကိုတော့ စိတ်ထဲတွေးမိသွားသေး။ အိမ်ကလာကြိုဖို့ နောက်ကျနေပုံပင်။ မြေကြီးပေါ်လျှောက်ခြစ်နေပြန်သည်။ တကယ်ကို ကလေးလေးပါ....

မတ်တပ်ရပ်လိုက်ပြန်သည်။ ပါးစပ်ကလဲ ပွစိပွစိနှင့်။ ခဏနေတော့ ဒီကောင်လေးပုံစံမှာ ငိုမဲ့မဲ့ဖြစ်လာသည်။ အမေကလဲ ထွက်လာမဲ့ပုံမပေါ်သေးတာကြောင့် ထိုကောင်လေးရှေ့ကားကိုမောင်းသွားလိုက်သည်။

"ဘာပြဿနာဖြစ်လို့လဲကောင်လေး"
မိမိအားမျက်ရည်လေးဝဲကာပြန်ကြည့်နေသောကောင်လေး တကယ်ကိုချစ်စရာကောင်းသည်။

"ဟို...ဟို...ဘာမှမဖြစ်ပါဘူး"
"ဟက်...အိမ်ကနောက်ကျတယ်ထင်တယ်...."

"ဟုတ်"
"ကိုလိုက်ပို့ချင်ပါတယ်...ဒါပင်မဲ့ ကောင်လေးက လက်ခံမဲ့ပုံမပေါ်ဘူး။ ဒီလိုလုပ် ရေခဲမုန့်စားရင်း အတူတူစောင့်ပေးမယ်လေ"

'သေပြီ...အရေးထဲ ပိုက်ဆံက နေ့ခင်းက မုန့်တွေဝယ်စားလို့ကုန်ပြီ...အပိုလဲမပါဘူး...သူက ငါမလိုက်မှန်းတော့ ရိပ်မိသား'

"နေ...နေပါစေ...ရပါတယ် မစားတော့ပါဘူး"
"ကိုဝယ်ကျွေးမှာပါ...ဒီမှာပဲစောင့်နေနော်"

ချက်ချင်းကားထဲကနေထွက်ကာ လမ်းတစ်ဖက်က မုန့်ဆိုင်ကို ပြေးဝင်သွားသောသူ...
ဒါကိုကြည့်ရင်း လပြည့်ဝန်း မှာ...
"တောက်စ်...ရှည်လိုက်တဲ့အရပ်...ငါ့နှယ်နော်...ပုလိုက်တာ ခန္ဓာကိုယ်ကလဲတောင့် ဟွင်းးး"

လမ်းပြန်ကူးလာတာတွေ့တော့ လပြည့်ဝန်း လဲတွေးနေတာတွေကို ရပ်တန့်လိုက်သည်။

My Son Or Boyfriend (Complete)Where stories live. Discover now