My son or boyfriend 12

7.9K 485 45
                                    

Uni

"အား!!!!" ဝမ်းခေါင်းထဲကပါ လှိုက်တတ်လာသော အော်သံကြောင့် ဘေးတွင်မတ်တပ်ရပ်နေသော တပည့်များပါ လက်တွေတုန်ကုန်သည်။

"လပြည့်ဝန်း မင်းကွာ!!!! မင်း ကိုယ့်စကားကို နားထောင်သင့်တယ်ကွာ!!!"
'ဘုတ်..' ဇေရဲမာန် တစ်ယောက် လက်တွင်ကိုင်ထားသော သံတူရင်းကို အားနဲ့လွှဲရိုက်ချလိုက်သည်။

အရှိန်ပြင်းလှသောရိုက်ချက်ကြောင့် ကျောပေးကာ ထိုင်နေသောသူ ခေါင်းကိုထိပြီး လဲသွားသည်။

မှောင်မဲလှသော အခန်းထဲတွင် မီးလုံးတစ်လုံးတည်း၏ အလင်းအားကို အားပြုကာနေနေရသည်။

လဲသွားသောသူ၏ ခေါင်းမှ တစိမ့်စိမ့်နဲ့သွေးများက စီးဆင်းလာပြီး ဇေရဲမာန် ခြေထောက်ကို ထိလုစဲစဲ....

"အား....အားးး..အားးး" သုံးချက်ဆက်တိုက်ဆင့်ရိုက်လာတာကြောင့် ထိုလူမှာ လှုပ်တောင်မလှုပ်တော့...ထိုလူ့ဆီက သွေးတွေကလဲ သံတူရင်းပေါ်မှာ ရဲရဲနီနေသည်။

"သူ့ကို သွားပစ်လိုက်တော့....အော်..ပြီးတော့ ရဲမှူး ထူးစစ်သော် မြင်အောင် သေချာထားထား ဒါမှာ အဲ့ကောင်လေး မပျင်းရမှာ"

"ဟုတ်ကဲ့ Boss" ဥက္ကာလဲ ခိုင်းတဲ့အတိုင်း ထိုလူ့အလောင်းကိုသယ်သွားလိုက်သည်။

ဆေးလိပ်တစ်လိပ်ကို ရှိုက်ဖွာလိုက်ကာ ရှေ့တည့်တည့်က သွေးအိုင်ကိုကြည့်နေသော ဇေရဲမာန်....မျက်နှာတွင်လဲ ထိုလူ့ကိုရိုက်ထားတုန်းကသွေးတွေ တစ်စစစင်နေလေသည်။

လူတစ်ယောက်၏ အပြင်ပုံစံကိုကြည့်ကာ စိတ်နေသဘောထားကို ခွဲခြားလို့မရဘူးဆိုတာ သိပ်မှန်သည်.....
________________

ရင်ခွဲစစ်ဆေးရုံထဲတွင် အလောင်းတစ်လောင်းကိုကြည့်ကာ အံ့သြနေသော ထူးစစ်သော်....သူတင်မဟုတ် ဘေးက တပည့်ကပါ သတွေးမြိုချနေရသည်။

"ရဲမှူး လူသတ်သမားက တော်တော်လက်ရဲတာပဲ...ကြည့်ပါဦး ကျွန်တော့်တို့ လူရုပ်တောင်မနည်းဖော်ရမည့်ပုံပဲ"

"အေးဟာ...ဘယ်စိတ်နဲ့များ လူတစ်ယောက်လုံးကို ခုလိုဖြစ်အောင် ရိုက်သတ်နိုင်တာလဲ စဥ်းစားမရဘူး....ကဲ ထားပါတော့ ဒါဘယ်သူဘယ်ဝါလဲဆိုတာ လက်ဗွေကနေ အတတ်နိုင်ဆုံးရှာရမယ်..."
"ဟုတ်ကဲ့ ရဲမှူး"

My Son Or Boyfriend (Complete)Where stories live. Discover now