My son or boyfriend 10

8.3K 472 28
                                    

Uni

ထူးစစ်သော် တစ်ယောက် ဒီနေ့အပျော်ကြီးပျော်နေသည်။ ဘာလို့ဆို သူတစ်လကျော်လိုက်ထားတဲ့ လူသတ်မှုက တရားခံကို မိလို့ပင်။

"​ရဲမှူး...ဒီနေ့သွားသောက်ကြမလား" ထက်ပိုင်က အောင်ပွဲခံသလိုလို ပြောနေပုံကြောင့် ထူးစစ်သော်လဲ လက်ခံလိုက်ကာ....beer ဆိုင်သို့....

"ရဲမှူး ဒီလောက်တော်တာ ကျွန်တော်အစောကြီးထဲက သိသားပဲ..." အာလေးလျှာလေးနှင့် ပြောနေပုံထောက်ရင် ထက်ပိုင် အနည်းငယ်တော့မူးနေပြီ...

"ဟက်....မင်းက ငါတိုက်လို့ ငါ့ကိုဖားမနေစမ်းပါနဲ့ သောက်မှာသာ သောက်စမ်းပါ" ထူးစစ်သော် ပုံစံမှာတော့ အလန်းကြီးပင်။ သူ့ကိုယ်သူလဲသိသည် သူက ကြွက်တွင်းဆိုတာ..

"ရဲမှူး ကျွန်တော်မေးမလို့ အဲ့အကောင် ဒီမိသားစုကို လုပ်ကြံမယ်မှန်း ရဲမှူး ဘယ်လိုတွေးမိသွားတာလဲ" ထက်ပိုင်မေးတာကို ထူးစစ်သော် မှာ ခေါင်းတစ်ဆက်ဆက်နှင့်....

တရားခံက လွန်ခဲ့သော တစ်ပတ်ကျော်က မိသားစုတစ်စုကို သတ်ဖြတ်ကာ အတွင်းပစ္စည်းတွေကော ယူသွားခဲ့သည်။ ဒီအမှုကို ထူးစစ်သော် အသေအလဲလိုက်ခဲ့သည်။ အခင်းဖြစ်တဲ့အိမ်ရှေ့က CCTVမှာ ဦးထုပ်ငိုက်စိုက်သာ စောင်းထားသောပုံကို ဖမ်းမိခဲ့သည်။ ဘယ်သူဘယ်ဝါဆိုတာကိုလဲ မသိခဲ့ရ....

ခုတော့ တရားခံက နောက်ထပ်မိသားစုတစ်စုကို ထိုနည်းအတိုင်း သတ်ဖို့ကြံခဲ့ခြင်းဖြစ်သည်။ ဒါကိုထူးစစ်သော်က ကြိုမိသွားခြင်း....

"အင်း...ဒီလိုကွ...ငါမနက်က အခင်းဖြစ်တဲ့အိမ်ရှေ့ကို သွားတုန်း လမ်းထောင့်တစ်ခုကနေ ငါ့ကိုကြည့်နေသလိုခံစားရလို့ လှည့်ကြည့်လိုက်တာ လူတစ်ယောက်ကိုတွေ့တယ်။

အစကငါလဲ သိပ်ပြီး မတွေးမိလိုက်ဘူး။ နောက်တော့ အိမ်ထဲဝင်ပြီး သဲလွန်စရှာတုန်း ငါလဲ အပြင်ကိုထက်ကြည့်လိုက်တယ်။ အဲ့မှာ အဲ့လူကိုထက်တွေ့တာပဲ....သူက ငါ့ကိုတော့ အပြင်ကနေ မြင်ပုံမရဘူးကွ"

စကား အရှည်ကြီးပြောလိုက်ရသောကြောင့် အရှေ့က Beerကို တစ်မော့မော့ချလိုက်ပြီး အမြည်းပါ ကောက်ဝါးလိုက်သည်။ ပြီးတော့မှ ထူးစစ်သော် စကားဆက်သည်။

My Son Or Boyfriend (Complete)Where stories live. Discover now