My son or boyfriend 8

8.2K 502 76
                                    

Uni

"လပြည့်...မနွေးလိုက်ပို့ပေးမယ်လေ"
ကျောင်းရှေ့တွင် ရပ်စောင့်နေသော လပြည့်ဝန်း ကို နွေးသစ္စာ ကားပေါ်မှ ပြောခြင်းဖြစ်သည်။

"အာ..မနွေး ရပါတယ် လာကြိုမှာမို့လို့"
"တစ်ယောက်ထဲ ဖြစ်ရဲ့လား..ကြယ်စင်ကော မပါဘူးလား"

"ဟုတ် ဖြစ်ပါတယ် မနွေး။  ကြယ်စင့်ကို အရင်ပြန်ခိုင်းလိုက်တာ...ကျွန်တော့်ကိုစောင့်ပေးရမှာ အားနာလို့..ဒီနေ့မှ အိမ်ကနောက်ကျနေတာ"
"အဆင်မပြေရင်လဲ လာမကြိုခိုင်းနဲ့လေ မနွေးလိုက်ပို့ပေးမှာပေါ့"

နွေးသစ္စာမှာ လပြည့်ဝန်း ကို အတင်းလိုက်ပို့ချင်နေသည်။ မဖြစ်ဘူး ဒီလိုဆက်လုပ်နေရင် လပြည့်ဝန်း ဆူခံထိလိမ့်မယ်....

"ဟုတ်ကဲ့ ရပါတယ် မနွေး။ အိမ်ကလဲ ရောက်ခါနီးနေပြီဆိုလို့"
"OKလေ ဒါဆို...မနွေးကို ခွင့်ပြုဦး"
"ဟုတ်ကဲ့..."

မနွေးကားထွက်သွားတော့မှ လပြည့်ဝန်း သက်ပြင်းချနိုင်သည်။ တစ်ခါက အတန်းမတတ်ချင်လို့ မနွေးရယ် ကြယ်စင်ရယ်နဲ့ ရုပ်ရှင်သွားကြည့်ဖူးသည်။ ဒါကို ဘယ်ကနေ ဘယ်လို ကိုကိုသိသွားလဲမသိဘူး။ ချက်ချင်း ရုပ်ရှင်ရုံထဲအထိ ဝင်ခေါ်သည်။

အဲ့နောက်ပိုင်း ကိုကိုမသိပဲ ဘယ်မှမသွားရဘူးဆိုတဲ့ အမိန့်ပါ ရောပါလာသည်။ မိမိမှာလဲ အထွန့်မတတ်ရဲ...ဖေဖေ့ကိုပြောတော့ ဖေဖေက စကားနားထောင်ဖို့ပဲ ပြောနေတယ်။

အဲ့အထဲက ဘယ်မှ ကိုကိုမသိအောင်မသွားရဲ....

"ဘာတွေတွေးနေတာလဲ" ဇေရဲမာန် အသံကြားတော့မှ လပြည့်ဝန်းအတွေးတွေ ချက်ချင်း ရပ်သွားသည်။
"အာ...ဘာမှမဟုတ်ပါဘူး..."

"လာ...တတ်...သွားစရာရှိတယ်"
"ဟုတ်" အမိန့်ဆန်ဆန်စကားတွေကို လပြည့်ဝန်း မလွန်ဆန်ရဲ...လွန်ဆန်ဖို့လဲ သူကြောက်သည်။ ကိုကို့ရဲ့ဒေါသကို ဟိုတစ်ခါထဲကသိသွားသည်။

အဲ့တုန်းကဆိုရင် ကိုကိုတော်တော်သောင်းကျန်းခဲ့တာ မိမိကိုတော့ အသားနာအောင်မလုပ်ခဲ့။ ဒါပင်မဲ့ သူ့ဒေါသကို အိမ်ကပစ္စည်းတွေအပေါ်ပုံချခဲ့သည်။ ဘာဖြစ်လို့ အဲ့လောက်ထိ ဒေါသထွက်သွားလဲ မစဥ်းစားတတ်...အပြင်လေး သူမသိအောင်သွားလိုက်တာအဲ့လောက်တောင် ဆိုးရွားသွားခဲ့တာပဲလား။

My Son Or Boyfriend (Complete)Onde histórias criam vida. Descubra agora