My son or boyfriend 13

8K 471 74
                                    

Uni

ဆရာဝန်ရောက်လာကာ ခေါင်းကိုချုပ်ပေးသွားသည်။ ခုတော့ လပြည့်ဝန်း ကုတင်ပေါ်မှာပဲ ခေါင်းတွင် ပတ်တီးအဖွေးသားနှင့် လှဲနေရသော ဇေရဲမာန်.....

"ဘာလို့ ကိုယ့်ကိုယ်ကို နာအောင်လုပ်ရတာလဲ"
"မင်းကမှ ကိုယ့်ကိုမကြည့်တာ.... ကိုယ်လဲ မင်းကြည့်အောင် လုပ်ရတာပေါ့"

ဇေရဲမာန် အတွေးကို လပြည့်ဝန်း တကယ်နားမလည်နိုင်...
"ရူးနေလားဗျ....ဒါဘယ်လောက် အန္တရာယ်ရှိလဲ ကိုကို မသိဘူးလား"
"သိတယ်လေ"

"သိတယ်ဆို အဲ့လိုလုပ်စရာလား"
"ကိုယ်ပြောပြီးပြီပဲ....မင်း ကိုယ့်ကို ကြည့်အောင်လုပ်ပါတယ်ဆို"

ခေါင်းကွဲတာကို အေးအေးလူလူ စကားပြန်ပြောနေပုံကြောင့် လပြည့်ဝန်း တကယ်အံ့သြမိ။ မိမိသာ သူ့နေရာမှာဆို ခုချိန် ဖင်မူးတောင်းထောင်ပြီး ငိုနေလောက်ပြီ။ ဒီလိုလဲ ရူးမိုက်တဲ့အလုပ်ဆို ဝေါင်ဝေါင်ရွှေးပြီးသား....

"ဘာလဲ ကိုယ့်ကို စိတ်ပူနေတာလား" မချိုမချဥ်မျက်နှာနဲ့ မေးနေပုံက တကယ်ကို အ​ကြောတင်းလှသည့် ဇေရဲမာန်...

"ပူတာပေါ့ဗျ....မတော်လို့ ကျွန်တော့်အခန်းထဲမှာ ကိုကိုသေသွားကြည့် ရဲတွေနဲ့ ကျွန်တော်ပဲ အမှုပတ်မှာ.... နောက်ပြီး ကျွန်တော် သရဲကြောက်တယ်ဗျ..."

သူအမှုပတ်မှာဆိုးနေ၍ ပြောနေခြင်းကြောင့် ဇေရဲမာန် ကြည့်ရင်း သွေးတတ်ချင်သွားသည်။
"ဒါဆို မင်းအတွက်ကြောင့် စိတ်ပူတာပေါ့"
"ဟုတ်တာပေါ့"

"မင်း!! အ့" ဆက်ခနဲထလိုက်တာကြောင့် ချုပ်ထားသည့်ဒဏ်ရာနာသွားသည်။
"ဖြေးဖြေးလုပ်ပါဗျာ...မတော်လို့ ချုပ်ရိုးပြေပြီး သွေးထွက်လွန်ရင် ရှောနေဦးမယ်"

"မင်း!!"

လှစ်ခနဲပြေးထွက်သွားသော လပြည့်ဝန်း ကြောင့် ဇေရဲမာန် မမှီလိုက်တော့ ခေါင်းကဒဏ်ရာကြောင့်လဲ လူကမထနိုင်။ ဒေါသထွက်သွားတာကြောင့် ဇေရဲမာန် မျက်နှာလဲ ရဲကုန်သည်။

"မင်း ကိုယ့်ကို နည်းနည်းလေးတောင် မကြောက်တာလား..

_________________

My Son Or Boyfriend (Complete)Où les histoires vivent. Découvrez maintenant