My son or boyfriend 4

10.2K 591 69
                                    

Uni

ဒီနေ့ ကြယ်စင်ရွှန်းလဲ့ မွေးနေ့မို့ လပြည့်ဝန်း မှာ လက်ဆောင်လေးကိုင်ပြီး ကြယ်စင့်အိမ်သို့ရောက်နေပြီ။

"လပြည့်....ဟီးးး ငါ့အတွက် ဘာလက်ဆောင်လဲ"
"ရော့...နင်သိပ်လိုချင်နဲ့ kpop albumတွေ"

ကြယ်စင်ရွှန်းလဲ့မှာ အတော်ပျော်သွားသည်။ သူမလိုချင်နေတဲ့ album တွေမှတ်လား။ သူမအားပေးတဲ့အဖွဲ့တွေ Album ထွက်တိုင်း အိမ်ကိုပူဆာနေရတာ ခုနောက်ပိုင်းတောင် မပူဆာရဲ အမှတ်တွေမကောင်းလို့လေ။ ဒါကိုအလိုက်သိသော သူငယ်ချင်းကြောင့် ကြယ်စင့်မှာ အတော်ပျော်သွားသည်။

သူမတို့ သူငယ်ချင်းသက်တမ်းကဆိုလဲ ဟိုးငယ်ငယ်လေးထဲကမှတ်လား။ ကြယ်စင်ကလဲ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တာကြောင့် သူမမှာ ပြေးကြည့်စရာဆိုလို့ ဒီသူငယ်ချင်း လပြည့်သာရှိသည်။

လပြည့်လဲ ကြယ်စင့်လိုပဲ စိတ်တူကိုယ်တူမို့ ဒီနှစ်ယောက်သာပေါင်းမိနေခြင်းဖြစ်သည်။

Cakeခွဲပြီးလို့ လပြည့်နဲ့ ကြယ်စင် နှစ်ယောက်ထဲ ဝရန်တာတွင် ထိုင်ကာ စကားတွေပြောနေတုန်း...
"ဘုတ်"

မိမိတို့ထိုင်တဲ့နားသို့ စာလေးတစ်​ခုရောက်လာသည်။ ခဲနဲ့ပါတွဲရက်ချည်ထားခြင်းလဲ​ဖြစ်သည်။ နှစ်ယောက်လုံးလဲ ခဏတာကြောင်သွားပြီး အောက်ကိုကြည့်လိုက်တော့...

"ဟင်...အစ်ကိုလွန်းထက်သာ.... နင်ဖိတ်ထားတာလား ကြယ်စင်..."
"ဘယ်ကသာ...ငါနင့်ကိုပဲ ဖိတ်ထားတာလေ။ သူ့ကိုဖိတ်ကြည့် အိမ်က တစ်မျိုးတွေထင်ကုန်မှာပေါ့ဟ"

အောက်ကလွန်းထက်သာမှာတော့ စာကိုဖတ်ရန် လက်ဟန်ခြေဟန်နဲ့ ပြနေတာကြောင့် နှစ်ယောက်သား စာကိုဖွင့်ကြည့်လိုက်သည်။

အောက်ကိုဆင်းခဲ့ကောင်လေး....ကို မင်းကို ပေးစရာရှိလို့ အိမ်နောက်ဘက်မှာတွေ့မယ်

နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာလုပ်ရမှန်းမသိတော့။ သူကလဲ ခြံထဲလဲရောက်နေပြီမို့ နောက်ဆုံးတော့ ခိုးကြောင်ခိုးဝှက်ပဲ အိမ်အနောက်ဘက်သို့ သွားရတော့သည်။

My Son Or Boyfriend (Complete)Where stories live. Discover now