My son or boyfriend 15

7.6K 464 62
                                    

Uni

လပြည့်ဝန်း ထိုကလေးလေးလက်ကလေးကို ကိုင်ကာ ဟိုကြည့်ဒီကြည့်လုပ်နေရသည်။
"ကလေး...ရေခဲမုန့် စားမလား" လပြည့်ဝန်း မေးတာကို ကောင်လေးက ခေါင်းညိမ့်ပြတော့...

"ကလေး..."
"ဟာ..ကိုကို...ရေခဲမုန့်လေးသွားယူပေးပါဦး" ဆိုင်ထဲက ထွက်လာသော ဇေရဲမာန် မှာ ကြောင်သွားသည်။

"မြန်မြန် ကလေး ဗိုက်ဆာနေမယ် များများယူခဲ့နော်"
"အင်း.." အလျင်စလိုဖြစ်နေသော လပြည့်ဝန်း ပုံစံကြောင့် ဇေရဲမာန် ပါရောရောင်ပြီး ဆိုင်ထဲအမြန်ပြေးဝင်သွားရသည်။

ခဏအကြာ ခွက်ကြီးကြီးတစ်ခုနဲ့ ပြန်ရောက်လာသော ဇေရဲမာန်.... ခွက်ထဲ အရသာစုံ ရေခဲမုန့်တွေအစီအရင်ပင်။
"ပေး...ရော့....ကလေး စားနေနော် မေမေလာခေါ်လိမ့်မယ်"

ကောင်လေးလဲ လပြည့်ဝန်း ပေးသော ရေခဲမုန့်ကို အားရပါးရစားနေလေသည်။

"အဲ့တာ ဘယ်က ကလေးလဲ"
"ဘယ်သိမလဲ" ဘောက်စပ်စပ်အဖြေကြောင့် ဇေရဲမာန် ဒေါသထွက်သွားပင်မဲ့...

"မသိရင် ခေါ်မထားနဲ့လေ တော်ကြာ ကလေးသူခိုးလို့ ပြောခံနေရမယ် ပြန်လွှတ်လိုက်"
"ဟာ...ရမလား...သူ့အမေက မေ့ကျန်ခဲ့တာနေမယ်...ပြီးတော့ ကလေးက ငယ်ငယ်လေး"

"မသိဘူးကွာ....ပြန်မယ်"
"မပြန်ဘူးနော်"  လပြည့်ဝန်း လက်ကိုဆွဲကာ ပြန်မယ်ကြီးလုပ်နေတာကြောင့် ဘေးက ကလေးက ချက်ချင်းထငိုတော့သည်။ ကလေးငိုနေတာကြောင့် လပြည့်ဝန်း ဇေရဲမာန် လက်ကိုဖြုတ်လိုက်ကာ ကလေးမျက်ရည်တွေကို သုတ်ပေးပြီး....

"မငိုနဲ့နော်...တိတ်တိတ်...ရေခဲမုန့်စားချင်သေးလား ကိုကို ယူပေးမယ်"
"ဟင့်....ကိုကို...သွားနဲ့နော်..." လက်စသတ်တော့ လပြည့်ဝန်း သွားမှာဆိုးသောကြောင့် ကလေးကထငိုခြင်းဖြစ်တော့သည်။

"ဟုတ်ပါပြီ ဗျာ...ကိုကို မသွားဘူးနော်"
"ဟီးးး" ခုမှအငိုတိတ်သွားသောကလေးကြောင့် လပြည့်ဝန်း သတ်ပြင်းချနိုင်သောတော့သည်။ နောက်ကလူကိုတစ်ချက်ကြည့်လိုက်ပြီး လပြည့်ဝန်း မျက်စောင်းထိုးပြစ်လိုက်သည်။

"ဟယ်...သား...မေမေ့သား....."
"မေမေ..." မိန်းမတစ်ယောက်က ကလေးကိုပြေးဖက်လိုက်တာကြောင့် မိခင်ဖြစ်မှန်းသိလိုက်သည်။ သူမက ကလေးမျက်နှာ မနှံ့ကို လိုက်နမ်းပြီး အတင်းဖက်ထားလေသည်။ သားသမီးတစ်ယောက်ပျောက်သွားတာကြောင့် မိဘတွေဘယ်လောက်ခံစားရမယ်ဆိုတာ လပြည့်ဝန်း မျက်မြင်ကိုယ်တွေ့မြင်တွေ့လိုက်ရပြီ....

My Son Or Boyfriend (Complete)Where stories live. Discover now