အပိုင်း(၁)

4.1K 233 8
                                    

ပန်းခရမ်းရောင် ဖဲကြိုးတန်းလေးပေါ်မှာ
ရောင်စုံဘောလုံးများနဲ့အတူ ရောင်စုံမီးလုံးများလည်း ချိတ်ဆွဲထားတယ်....
ရောင်စုံမီးလုံးများမှတစ်ဆင့် ဖြာထွက်လာတဲ့
အလင်းတန်းတွေကို ထိုးဖောက်ကာ
လင်းလက်တောက်ပနေတဲ့ လူသားလေးတစ်ယောက်လည်း ရှိသေးတယ်။

အနက်ရောင် Suitအပြည့်နဲ့ ကောင်လေးဟာ
ဒီနေ့မှာတော့ ၂၃နှစ်ပြည့်ပြီမို့ Birthday party
မှာ အစွမ်းကုန် တောက်ပနေခြင်း။
လိမ္မော်ရောင် ဆံနွယ်များနဲ့ ထိုလူသားဟာ
မျက်နှာလှလှထက် အပြုံးပန်းများ
ချိတ်ဆွဲထားသည်မို့ မြင်ရသူအဖို့
ထာဝရတောက်ပနေသော ကြယ်ကလေးပမာ။

ထိုလူသားလေးမှာ ကျွန်တော်
အရမ်းချစ်ရပါသော Jimine ဆိုတဲ့ ကောင်လေး။

အရမ်းရီရတယ်မလား ကျွန်တော်က
ကျွန်တော့်လို ယောကျာ်းလေး တစ်ယောက်ကိုမှ
ချစ်နေမိတာလေ။
ဒါပေမယ့် ကျွန်တော် နောင်တမရပါဘူး
Jimine ကို တစ်ဖက်သတ် ချစ်နေရတဲ့အတွက်
ဘယ်သောအခါမှ နောင်တမရသလို
ဘယ်တော့မှလဲ အချစ်မလျော့သွားဘူး....

ကျွန်တော့်ဘဝမှာ မိဘတွေပြီးရင် Jimineသာ
ပထမ၊ Jimineသာ ဒုတိယ၊ Jimineသာ
တတိယ။ ကုန်ကုန်ပြောရရင် Jimineက
ကျွန်တော့်ဘဝရဲ့ အရာရာတိုင်းပဲ.....

ကျွန်တော်လေ Jimineအပေါ်
ဘယ်အချိန်ထဲကများ အရောင်တွေ
ဆိုးနေမိလဲမသိ။သေချာတာကတော့
Jimine ဟာ အရမ်းကို ဖြူစင်လွန်းသူပါ။
ထိုအဖြူထည်လေးကိုမှ ချစ်မိသွားတဲ့
ကျွန်တော့်ကိုလည်း အပြစ်မတင်ကြပါနဲ့...

Jimineက အချစ်ခံဖို့ မွေးဖွားလာတဲ့
လူသားလေးပါ။
Jimine 5နှစ်သား အရွယ်မှာ သူ့ရဲ့မိဘတွေကို
ကားအက်ဆီးဒင့် တစ်ခုကြောင့် ဆုံးရှုံးခဲ့ရတယ်။
ဒါဟာ Jimineအတွက် အကြီးမားဆုံးသော
ဆုံးရှုံးမှု တစ်ခုပဲ....
Jimineဟာ မိဘမေတ္တာကို ရသင့်သလောက်
မရခဲ့ဘူး။
ကျွန်တော့်မိဘတွေနဲ့ Jimine မိဘတွေက
ငယ်သူငယ်ချင်းတွေမို့ ဆွေးမျိုးအရင်းအချာ
တစ်ဦးတစ်ယောက်မှ မရှိတော့တဲ့ Jimine ကို
မေမေတို့ကပဲ ဂရုဏာသက်စွာ မွေးစားခဲ့ကြတယ်။

Jimine ကျွန်တော့်မိသားစုထဲ စရောက်လာတဲ့
နေ့ကစပြီး ကျွန်တော့်နှလုံးသားလေးဟာ
Jimine ကြောင့် သက်ဝင် လှုပ်ရှားလာခဲ့တယ်။
Jimine ကျွန်တော့်ဘဝထဲ စရောက်လာတဲ့
နေ့ကပေါ့.....

💛Love Story💛 [Completed]Dove le storie prendono vita. Scoprilo ora